ဖေဖော်ဝါရီ ၂၅ ။ ။ ONE Championship ၏ Reign of Valor: Open Workout အခမ်းအနားကို လာမဲ့ မတ်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ပရိသတ်များ လာရောက်ရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ Workout ပွဲကို နေ့လယ်၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Junction Mawtin ၊ ၅ လွှာ ၊ အနော်ရထာလမ်းနှင့် လမ်းသစ်လမ်းထောင့် မှာရှိတဲ့ (Transcend Gym) မှာ ပြုလုပ်မည် ဖြစ်ကာ ပရိသတ်များ လာရောက်ရန် ဖိတ်ခေါ်ထားသည်။
မြန်မာကစားသမားများဖြစ်သည့် Tial Thang၊ အန်တိုနီရာ၊ ဖိုးသော်တို့အပြင် အခြားနိုင်ငံတကာအားကစား သမားများ ပါဝင်မိတ်ဆက်မည် ဖြစ်သည်။
လာမည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ကျင်းပမည့် ONE: REIGN OF VALOR ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည် ကာဇက်စ္စတန် နိုင်ငံသား Georgiy Kichigin နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
အခြား တွဲဆိုင်းများအနေဖြင့် Toni Tauru သည် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Williams Lake မှ Gary Mangat နှင့် လည်းကောင်း ၊ မြန်မာနိုင်ငံသူ Bozhena Antoniyar က မလေးရှားနိုင်ငံ မှ Audreylaura Boniface နှင့် လည်းကောင်း ၊ တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာကစားသမား Jomary Torres သည် တရုတ်ကိုယ်ခံပညာ ကစားသမား Heqin နှင့်လည်းကောင်း ၊ Tial Thang သည် ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth နှင့်လည်းကောင်း၊ မြန်မာကစားသမား ဖိုးသော်သည် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ONE အမှတ်တံဆိပ်ပါ တီရှပ်များကိုလည်း မကြာခင်အချိန်အတွင်း Mizzima ပရိသတ်များအတွက် မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။