မကွေးတွင် မသင်္ကာဖွယ်ရာ အဖြူမှုန့်ထုပ် တစ်ရာကျော် တွေ့ရှိ၍ စစ်ဆေးနေ

မကွေးတွင် မသင်္ကာဖွယ်ရာ အဖြူမှုန့်ထုပ် တစ်ရာကျော် တွေ့ရှိ၍ စစ်ဆေးနေ

ဖေဖော်ဝါရီ ၂၃ ။     ။    မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့၊ မီးရထားဘူတာရုံ၊ အလံတိုင်၏မြောက်ဖက် ရထားလမ်းဘေးတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၈ နာရီခန့်က မသင်္ကာဖွယ်ရာ အဖြူအမှုန့်ထုပ် ၁၃၅ ထုပ်နှင့် လက်ဆွဲအိတ်တစ်လုံး တွေ့ရှိ၍ စစ်ဆေးနေကြောင်း ကနဦး သတင်းရရှိသည်။

" တွေ့ရှိတဲ့အဖြူအမှုန့်ထုပ်တွေက မသကာင်္စရာလို့ ယူဆရတဲ့အတွက် လူငယ်တစ်ဦးက လာပြောလို့ ကျွန်တော် လိုက်သွားခဲ့ပါတယ်။ အထုပ်တွေ့ရာနေရာရောက်တော့ နယ်ထိန်းရဲတပ်သားတစ်ဦး စောင့်နေတာ တွေ့ရပါတယ်။ တာဝန်ရှိသူတွေကို ဖုန်းဆက်အကြောင်းကြားပါတယ်။ တော်တော်နဲ့ ရောက်မလာလို့ ဆက်လက်ပြီး ကျွန်တော်က မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌကို ဖုန်းဆက်အသိပေး အကြောင်းကြားပါတယ်။ မကြာခင် ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ရောက်လာပြီး မြို့နယ်ဆေးရုံကို အထုပ်တွေ သယ်ဆောင်ပြီး မြို့နယ်ဆရာဝန်ကြီးက စစ်ဆေးပါတယ် " ဟု မြို့သစ်မြို့နေ ကိုအောင်ကျော်က ပြောသည်။

လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးများဟု အတည် မပြုနိုင်သေးဘဲ အဆိုပါအထုပ်များကို ရဲစခန်းသို့ သယ်ဆောင်စစ်ဆေးနေကြောင်း သိရသည်။

" အတည်ပြုနိုင်ဖို့အတွက် မကွေးခရိုင်၊ မူးယစ်အဖွဲ့ကို ခေါ်ထားပါတယ်" ဟု မြို့သစ်မြို့နယ် ၊ ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်တင့်ထံမှ သိရသည်။

ဓာတ်ပုံ -အောင်ကျော် (မြို့သစ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required