ထွက်ပေါ်နေတဲ့ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ကောလဟလတွေကို ထိုင်းစစ်အစိုးရ ခေါင်းဆောင် ပယ်ချ

ထွက်ပေါ်နေတဲ့ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ကောလဟလတွေကို ထိုင်းစစ်အစိုးရ ခေါင်းဆောင် ပယ်ချ
Photo: AFP

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ ။    ။ ထိုင်းဘုရင်ရဲ့ အစ်မတော်ဖြစ်သူကို ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုတဲ့ Thai Raksa Chart ပါတီကို ဝေဖန်ပြစ်တင်ရေးအတွက် တက်ကြွလှုပ်ရှားမှုအဖွဲ့တစ်ရပ်က ရွေးကောက်ပွဲကော်မရှင်ထံ တနင်္လာနေ့မှာ စာတင်ခဲ့ပါတယ်။

မင်းသမီး ဥဘောရတနာ ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းနောက်ပိုင်း ဘုရင့်နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာတော့မယ်ဆိုတဲ့ ကောလဟလတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာမှာ စစ်အစိုးရ အကြီးအကဲ ပရာယွတ်ချန်အိုချာက အတုအယောင်သတင်းတွေသာ ဖြစ်တယ်လို့ ငြင်းပယ်ထားပါတယ်။

သြဇာကြီးတဲ့ ရှင်နာဝတ်ထရာ နိုင်ငံရေးအသိုင်းအဝန်းရဲ့ မဟာမိတ်ပါတီဖြစ်တဲ့ Thai Raksa Chart ပါတီကနေပြီး ထိုင်းဘုရင်ရဲ့ အစ်မတော် ဥဘောရတနာဟာ ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းဟာ ထိုင်းနိုင်ငံကို လှုပ်ခတ်သွားစေခဲ့ပြီး ကောလဟလတွေ ထွက်ပေါ်လာတော့တာ ဖြစ်ပါတယ်။

မတ် ၂၄ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာအတွက် မင်းသမီး ဥဘောရတနာကို ကိုယ်စားလှယ်လောင်းတင်တဲ့ Thai Raksa Chart ပါတီကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တစ်ရပ်က စာတင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Thai Raksa Chart ပါတီကလည်း နိုင်ငံရဲ့ စစ်အစိုးရခေါင်းဆောင် ချန်အိုချာဟာ ဝန်ကြီးချုပ်အဖြစ် သတ်မှတ်အရည်အချင်းရဲ့ ပြည့်မီမှု ရှိမရှိ စစ်ဆေးပေးရန် ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းထားပါတယ်။

မင်းသမီး ဥဘောရတနာရဲ့ ဝန်ကြီးချုပ် နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာကို မောင်တော်ဖြစ်တဲ့ ထိုင်းဘုရင် မဟာဝါဇီရလောင်ကွန်းက ‘လုံးလုံးလျားလျား သင့်တော်မှု’ မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကန့်ကွက်ချက် ထုတ်ပြန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly