ဗင်နီဇွဲလားမှာ မာဒူရို ထောက်ခံသူ၊ ဟွမ် ဂွါဒို လိုလားသူ သိန်းနှင့်ချီ အပြိုင် ဆန္ဒပြ

ဗင်နီဇွဲလားမှာ မာဒူရို ထောက်ခံသူ၊ ဟွမ် ဂွါဒို လိုလားသူ သိန်းနှင့်ချီ အပြိုင် ဆန္ဒပြ

ဖေဖော်ဝါရီ ၃ ။            ။ အကျပ်အတည်း ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကက်စ်မှာတော့ ဖေဖော်ဝါရီ ၂ ရက်က သမ္မတ နီကိုလပ်စ် မာဒူရို အစိုးရ ထောက်ခံသူနှင့် အတိုက်အခံ ခေါင်းဆောင် ဟွမ် ဂွါဒို ထောက်ခံသူ အရေအတွက် သိန်းနှင့်ချီ အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံမှာ မိမိက ကြားဖြတ် သမ္မတဖြစ်နေပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ကြေညာထားခဲ့တဲ့ ဟွမ် ဂွါဒို အပေါ် ထောက်ခံသူ ပေါင်းများစွာတို့ဟာ ယင်းနေ့က မြို့တွင်း လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ချိန်မှာ မာဒူရိုအစိုးရ ထောက်ခံသူပေါင်းများစွာကလည်း လမ်းတွေပေါ် ရောက်လာပြီး အပြိုင် တန်ပြန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရဲ့ အတိုက်အခံ လှုပ်ရှားမှုတွေကို လမ်းပေါ်ထွက် လှုပ်ရှားရမှာဖြစ်ကြောင်း မစ္စတာ ဂွါဒိုက ပြောကြားသွားခဲ့ချိန်မှာ မစ္စတာ မာဒူရိုကလည်း ၎င်းသာလျင် နိုင်ငံရဲ့ တစ်ဦးတည်းသော သမ္မတဖြစ်ကြောင်း  ထောက်ခံသူတွေကို ပြောသွားခဲ့ပါတယ်။

မစ္စတာ ဂွါဒိုကတော့ ၎င်းကသာ သမ္မတ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ချိန်မှာ အမေရိကန်အပါအဝင် လက်တင်အမေရိက နိုင်ငံအများအပြားက ထောက်ခံခဲ့ကြပါတယ်။

တစ်ဘက်မှာလည်း မာဒူရို အစိုးရအပေါ် တရုတ်နဲ့ ရုရှားတို့က ထောက်ခံထားကြလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ ကာလက အတိုက်အခံဘက်က  ကန့်ကွက် သပိတ်မှောက်ခဲ့တဲ့ကြားက အငြင်းပွားရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး မာဒူရိုက ဒုတိယမြောက် သက်တမ်းအတွက် ကျမ်းကျိန်ခဲ့ပြီးနောက်ပိုင်းကလည်း ခုလို လိပ်ခဲတည်းလည်း အခြေအနေတွေ ပေါ်ပေါက်လာနေခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags