ဘရာဇီး ဆည်ပြိုမှု သေဆုံးသူဦးရေ ၈၄ ဦးထိ ရှိလာ

ဘရာဇီး ဆည်ပြိုမှု သေဆုံးသူဦးရေ ၈၄ ဦးထိ ရှိလာ

ဇန်နဝါရီ ၃၀ ။              ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆည်ပြိုကျမှု ဖြစ်ရပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်မှာ ရွှံ့နှစ်ရည်တွေနဲ့ အခြားအနည်အနှစ် အစုအပုံတွေ အောက်ကနေ နောက်ထပ် ရုပ်အလောင်း ၁၉ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ယင်းအတွက်ကြောင့် လက်ရှိ အဆိုပါ ဆည်ပြိုကျမှု ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးရေဟာ ၈၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဘရူမာဒင်ညိုမြို့က မိုင်းတွင်းလုပ်ငန်းတစ်ခုမှာ ဆည်တစ်ခု ပြိုကျခဲ့ရာကနေ သတ္ထုစွန့်ပစ်ပစ္စည်း အရည်အနှစ်တွေ၊ ရွှံ့နှစ်ရည်တွေ စီးဆင်းလာပြီး နေအိမ်တွေ ၊ ကားတွေအပေါ် ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ယင်း ဘေးဒုက္ခဆိုးကြောင့် ပျောက်ဆုံးနေသူ ဦးရေဟာ ၂၇၀ ကျော်လောက် ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်း ဆည်ပြိုကျခဲ့တဲ့ ဘေးဒုက္ခဆိုးကြီး ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပြီးနောက် လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ခု ဆည်ပြိုကျမှုကတော့ ဘရာဇီး သမ္မတ ဘိုဆိုနာရို အစိုးရသစ် တာဝန်စတင်ယူပြီးချိန်နောက်ပိုင်း ကြီးမားတဲ့ အရေးပေါ်အခြေအနေနဲ့ ပထမဆုံး စတင် ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly