ဖိလစ်ပိုင်တောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်တောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှု လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၃၀ ။             ။ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းဒေသက ဗလီကျောင်းတစ်ခုကို ပစ်မှတ်ထားပြီး ဇန်နဝါရီ ၃၀ ရက်အစောပိုင်းက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့လို့ လူ နှစ်ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ လူအမြောက်အမြား သေဆုံးစေခဲ့တဲ့ ကက်သလစ်ဘုရားကျောင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တစ်ခု ဖြစ်ထားပြီး ရက်ပိုင်းအကြာမှာပဲ ယခု တိုက်ခိုက်မှု ထပ်ဖြစ်လာခဲ့ပြန်တာ ဖြစ်ပါတယ်။

ယင်း တောင်ပိုင်းဒေသမှာတော့ မကြာသေးခင်ကမှ မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ရေး မဲဆန္ဒခံယူပွဲတစ်ခု ကျင်းပခဲ့ပြီးနောက်ပိုင်းမှာ ခုလိုမျိုး တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

မတည်မငြိမ် ဖြစ်နေခဲ့တဲ့ မင်ဒါနာအို ကျွန်းမှာ ဖြစ်ခဲ့တဲ့ ယခုပေါက်ကွဲမှုကြောင့် ဗလီကျောင်း အဆောက်အအုံကို ပျက်စီးစေခဲ့ပြီး သေဆုံးသူတွေဟာဆိုရင်လည်း အာရုဏ်မတက်ခင်အချိန် အိပ်ပျော်နေကြစဉ် ခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး သွေးတွေ စွန်းပေနေတဲ့ ဖျာတွေ၊  အစိတ်အစိတ်အမွှာမွှာ ကွဲထွက်သွားတဲ့ မှန်ကွဲစတွေကို ဗလီကျောင်းအတွင်း ကြမ်းပြင်ပေါ်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဇမ်ဘုန်ဂါ  မြို့က ဗလီကျောင်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုမှာတော့ ဘယ်သူဘယ်ဝါ မသိရတဲ့ အမျိုးသားနှစ်ဦးက လက်ပစ်ဗုံး ပစ်သွင်းကျူးလွန်သွားတယ်လို့ ကနဦး စုံစမ်းသိရှိထားရပြီး နောက်ကွယ်က အဖွဲ့အစည်းကိုတော့ လက်တလော ဖော်ထုတ်နိုင်သေးခြင်း မရှိသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly