ကျူးဘားမှာ လေဆင်နှာမောင်းကြောင့် လူ ၄ ဦး သေပြီး ၂၀၀ နီးပါး ဒဏ်ရာရရှိ

ကျူးဘားမှာ လေဆင်နှာမောင်းကြောင့် လူ ၄ ဦး သေပြီး ၂၀၀ နီးပါး ဒဏ်ရာရရှိ

ဇန်နဝါရီ ၂၉ ။             ။ ကျူးဘားနိုင်ငံမှာ ပြီးခဲဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက ကြုံတောင့်ကြုံခဲအဖြစ် အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်းတစ်ခု ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၉၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။

လေဆင်နှာမောင်းကြောင့် မြို့တော် ဟာဗားနားမှာ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး ကားတွေ မှောက်ကုန်တာ၊ သစ်ပင်တွေ အမြစ်ကျွတ်လဲတာ၊ နေအိမ်ဒါဇင်ချီ ပျက်စီးသွားတာတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခု ဝင်တိုက်တဲ့ လေဆင်နှာမောင်းကြောင့် ထိခိုက်ဆုံးရှုံးမှု ကြီးမားကြောင်း ကျူးဘားသမ္မတ ဒိုင်ယက် ကာနဲလ်က ပြောသွားပါတယ်။

လေပြင်းကြုံပြီးနောက်  ပျက်စီးမှုတွေကို အရေးပေါ် ကူညီရေးအဖွဲ့တွေ ဝိုင်းဝန်းရှင်းလင်းနေလျက် ရှိကြောင်း သိရပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ကနေ အစပြုတဲ့ အားပြင်းမုန်တိုင်းတစ်ခုမှ ပေါက်ပွားခဲ့တဲ့ အဆိုပါ လေဆင်နှာမောင်းကတော့ တစ်နာရီ အမြင့်ဆုံး လေတိုက်နှုန်း မိုင် ၆၀ နှုန်းနဲ့ ကျူးဘားအနောက်ပိုင်းကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly