အစ္စရေးရဲ့ ဖျက်အားပြင်းတဲ့ စွမ်းရည်အကြောင်း ဟဇ်ဘိုလာ ခေါင်းဆောင်ကို နေတန်ယာဟု သတိပေး

အစ္စရေးရဲ့ ဖျက်အားပြင်းတဲ့ စွမ်းရည်အကြောင်း ဟဇ်ဘိုလာ ခေါင်းဆောင်ကို နေတန်ယာဟု သတိပေး

ဂျေရုဆလင်၊ ဇန်နဝါရီ ၂၈ ။          ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ၎င်းရဲ့ စစ်တပ်ရဲ့ ဖျက်အားပြင်းစွမ်းရည် ပိုင်ဆိုင်ကြောင်းကို လက်ဘနွန်က ဟဇ်ဘိုလာခေါင်းဆောင်ကို တနင်္ဂနွေနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားမှာ အစ္စရေးတွေ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ဂျူးနိုင်ငံအနေနဲ့ သတိထားနေရန် ဟဇ်ဘိုလာ ခေါင်းဆောင် ဟတ်ဆန်နာရှရာလက်ရှ်ရဲ့ ပြောဆိုမှုကို ဝန်ကြီးချုပ် နေတန်ယာဟုက တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

“အစ္စရေးစစ်တပ် IDF ရဲ့ ဖျက်အားပြင်း တိုက်ခိုက်ရေးအင်အားကို ဟဇ်ဘိုလာတွေကို အသင့်စောင့်နေတယ်။”လို့ ကက်ဘိနက်အစည်းအဝေးတစ်ရပ် အစမှာ နေတန်ယာဟုက ပြောခဲ့တာပါ။

ဘိုင်ရွတ်မှာ အခြေစိုက်တဲ့ အယ်မာယာဒင်း ရုပ်သံဌာနနဲ့ စနေနေ့က အင်တာဗျူးတစ်ရပ်မှာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာရှရာလက်ရှ်က ဆီးရီးယားနဲ့ ဟဇ်ဘိုလာအနေနဲ့ အစ္စရေးရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ လုပ်ဆောင်နိုင်တယ်လို့ နေတန်ယာဟုကို သတိပေး ပြောဆိုခဲ့ပါတယ်။

“အမှားတော့ မလုပ်မိစေပါနဲ့။ ဒေသကို စစ်ပွဲ ဒါမှမဟုတ် အကြီးစားထိပ်တိုက်တွေ့မှုဆီ ဦးတည်အောင် မလုပ်မိစေနဲ့။”လို့ နာရှရာလက်ရှ်က ပြောပါတယ်။ ဒါ့အပြင် အစ္စရေးနိုင်ငံရဲ့ ဘယ်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ အဆင့်မြင့်ဒုံးကျည်တွေကို ဟဇ်ဘိုလာအဖွဲ့ဟာ ပိုင်ဆိုင်ထားပြီ ဖြစ်တယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

အိမ်နီးချင်း ဆီးရီးယားမှာ အဓိက ရန်သူတော် အီရန်က စစ်ခြေကုပ်ယူမှာကို တားဆီးမယ် ရည်မှန်းချက်နဲ့ ၂၀၁၃ ခုနှစ်ကစပြီး အီရန်စစ်ရေးပစ်မှတ်တွေနဲ့ ဟဇ်ဘိုလာအဖွဲ့ဆီ လက်နက်ပေးပို့နေတာတွေကို တိုက်ခိုက်မှု ရာပေါင်းများစွာ ဆင်နွှဲခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly