ကိုလံဘီယာမှာ မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ လင်းတငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်း

ကိုလံဘီယာမှာ မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ လင်းတငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်း

ဇန်နဝါရီ ၂၈ ။              ။ နိုင်ငံမှာ မျိုးသုဉ်းအန္တရာယ်ကြုံနေရတဲ့ Andean လင်းတငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ကိုလံဘီယာတာဝန်ရှိသူတွေ ကြိုးပမ်းနေကြလျက် ရှိပါတယ်။

Andean လင်းတ ဆိုတာကတော့ ကမ္ဘာပေါ်က အရွယ်အစား အကြီးဆုံး ငှက်တွေအနက် တစ်မျိုး ဖြစ်ပါတယ်။  တောင်ပံ အလျားက အများဆုံး ၃ ဒသမ ၂ မီတာအထိ ရှိပြီး အလေးချိန်ကလည်း ၉ ကီလို ကနေ ၁၅ ကီလိုအထိ ရှိတတ်ကြတယ်လို့ သိရပါတယ်။

ကိုလံဘီယာမှာတော့ ယင်း လင်းတငှက်တွေဟာ ခုချိန်မှာ စိုးရိမ်ဖွယ် မျိုးသုဉ်း အန္တရာယ် ကျရောက်နေလျက် ရှိတယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ကိုလံဘီယာနိုင်ငံတစ်ဝှမ်း အဆိုပါ Andean လင်းတ ကောင်ရေ ၁၅၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒါဟာ ယင်းငှက်တွေ နေထိုင်ကျက်စားရာ နယ်မြေတွေထဲ လူသားတို့ ကျူးကျော်ဝင်ရောက်တာတွေ ရှိနေတဲ့အပြင် ယင်းငှက်တွေ သတ်ဖြတ်ခံရတာ တို့ကြောင့် ယင်းလင်းတငှက်တွေဟာ ခုချိန်မှာ ပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ ကြုံနေရတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly