တူရကီနိုင်ငံ အန်တယ်လ်ယာမြို့မှာ လေဆင်နှာမောင်း တိုက်၊ ထိခိုက်ပျက်စီးမှု များပြား

တူရကီနိုင်ငံ အန်တယ်လ်ယာမြို့မှာ လေဆင်နှာမောင်း တိုက်၊ ထိခိုက်ပျက်စီးမှု များပြား

ဇန်နဝါရီ ၂၈ ။             ။ တူရကီနိုင်ငံက အပန်းဖြေမြို့ အန်တယ်လ်ယာမှာ ဇန်နဝါရီ ၂၆ ရက်က အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေဆင်နှာမောင်းကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သလို လေဆိပ်တစ်ခုမှာ ဘတ်စ်ကားတွေ တိမ်းမှောက်ကုန်တာ၊ လေယာဉ်တွေ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ရာသီဥတု ဆိုးရွားမှုရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်လို့လည်း အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးထားကြောင်း သိရပါတယ်။

မြို့ ဧရိယာ တောင်ဘက်ခြမ်းမှာ တိုက်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ဘတ်စ်ကားနှစ်စီးလည်း လေပြင်းထဲ လွင့်ပါမှု ဖြစ်ခဲ့ကြောင်း အန်တယ်လ်ယာ အုပ်ချုပ်ရေးမှူး မူနီယာ ကာရလော့ဂ်လူက ပြောပါတယ်။

လေပြင်းကြောင့် လေယာဉ်နှစ်စင်းနဲ့ ရဲ ရဟတ်ယာဉ် တစ်စင်းတို့လည်း တစ်ချို့တစ်ဝက် ပျက်စီးသွားတယ်လို့ ၎င်းက ပြောပါတယ်။

ဒါဟာ သုံးရက်တာအတွင်း ငါးကြိမ်မြောက် တိုက်တဲ့ လေဆင်နှာမောင်းဖြစ်ကြောင်း အန်တယ်လ်ယာ အုပ်ချုပ်ရေးမှူး ရုံးက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly