အင်ဒိုနီးရှား ရေကြီးမြေပြိုမှု လူ ၃၀ ထက်မနည်း သေဆုံး

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု လူ ၃၀ ထက်မနည်း သေဆုံး

ဇန်နဝါရီ ၂၄ ။         ။ အင်ဒိုနီးရှားနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပြီး မြေပြိုမှုတွေလည်း ဖြစ်ခဲ့တာကြောင့် လူ ၃၀ ထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ လူ ၂၀ ကျော် ပျောက်ဆုံးနေပြီး ၎င်းတို့ ရှာဖွေနေရလျက် ရှိကြောင်း သဘာဝဘေး စီမံခန့်ခွဲမှု အေဂျင်စီက ပြောပါတယ်။

ဆူလာဝေစီ ကျွန်း တောင်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က မိုးကြီးလေပြင်းတွေ ကျခဲ့တာကြောင့် ဒေသခံ ထောင်ချီ နေအိမ်တွေကနေ ဘေးလွတ်ရာ ရှောင်ပြေးခိုလှုံခဲ့ကြရပါတယ်။

မိုးကြီးပြီးနောက် မြစ်ချောင်းတွေထဲ ရေလျှံတက်ပြီး ဒေသ ကိုးခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခု ရေလွှမ်းမိုးမှုကြောင့် နေအိမ်တွေ၊ အစိုးရ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ တံတားတွေလည်း ပျက်စီးသွားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly