အိန္ဒိယတောင်ပိုင်းမှာ ရေယာဉ်နစ်မြုပ်၍ လူ ၈ ဦးထက်မနည်း သေပြီး အများအပြား ပျောက်ဆုံးနေ

အိန္ဒိယတောင်ပိုင်းမှာ ရေယာဉ်နစ်မြုပ်၍ လူ ၈ ဦးထက်မနည်း သေပြီး အများအပြား ပျောက်ဆုံးနေ

ဇန်နဝါရီ ၂၂ ။          ။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေ လိုက်ပါစီးနင်းလာတဲ့ ဖယ်ရီ ရေယာဉ်တစ်စင်း ဇန်နဝါရီ ၂၁ ရက်က ပင်လယ်ပြင်တွင်း နစ်မြုပ်သွားခဲ့လို့ အနည်းဆုံး လူ ရှစ်ဦး သေဆုံးသွားခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ယင်း ခရီးသည်တင် ရေယာဉ်ဟာ ဘာသာရေးပွဲတော်တစ်ခုကနေ အပြန် လမ်းခရီးမှာ ခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာဖြစ်ကြောင်း အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း ရေယာဉ်ပေါ်မှာတော့ ခရီးသည် အယောက် ၃၀ လောက် လိုက်ပါလာတယ်လို့ ယုံကြည်ရပြီး နိုင်ငံတောင်ပိုင်း ကာနာတာကာ ပြည်နယ်ရှိ ကျွန်းတစ်ကျွန်းပေါ်က ဘုရားကျောင်းတစ်ခုဆီ သွားရောက်ပြီး အပြန်ခရီးမှာ ပင်လယ်တွင်း လှိုင်းကြမ်းမိပြီး ခုလို နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

" လူ ရှစ်ယောက် သေပါတယ်၊ အခြား ၁၈ ဦးကိုတော့ ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်၊ နောက်ထပ် ငါးယောက်၊ ခြောက်ယောက်လောက် ပျောက်နေဆဲပါ" ဆိုပြီး ပြည်နယ် ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဗီနာယက်ခ် ပက်တီလ် က အေအက်ဖ်ပီကို ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း ထောင်နဲ့ချီ တဲ့ ဟိန္ဒူဘုရားဖူးတွေဟာ ပင်လယ်ပြင်ကို ဖြတ်ပြီး  အဆိုပါ ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဘာသာရေးပွဲကို သွားရောက်လေ့ရှိကြောင်း ၎င်းက ရှင်းပြသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly