ဇန်နဝါရီ ၁၆ ။ ။ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ Assam (အဆမ်) ပြည်နယ်နေ ဒေသခံအယောက် ၁ဝဝကျော်ဟာ ဘိုကာလီ ဘီဟူ -အဆမ်လူမျိုးတွေရဲ့ ကောက်သစ်စားပွဲတော်ကို ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။
ဘိုကာလီ ဘီဟူ ကောက်သစ်စားပွဲတော်ရဲ့ ထုံးတမ်းစဉ်လာထဲမှာ အုပ်စုလိုက် ငါးဖမ်းတာလည်း ပါဝင်တဲ့အတွက် အဆမ်လူမျိုးတွေဟာ ရွာလုံးကျွတ် ငါးဖမ်းနေကြတာဖြစ်ပါတယ်။
အဆိုပါကောက်သစ်စားပွဲတော်ကာလမှာ အဆမ်လူမျိုးတွေဟာ အတူတကွငါးဖမ်းကြသလို ၎င်းတို့ရဲ့ပွဲတော်နဲ့ဆိုင်တဲ့ အခြားထုံးတမ်းစဉ်လာတွေကိုလည်း ပျော်ပျော်ပါးပါး လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။
ပွဲတော်ကာလရဲ့ ညဘက်အချိန်တွေမှာဆိုရင် အဆမ်လူမျိုးတွေဟာ ညလုံးပေါက် သီချင်းဆို၊ ကခုန်လေ့ရှိကြောင်း သိရှိရပါတယ်။