ဂါဇာစီးတီး၊ ဇန်နဝါရီ ၁၂ ။ ။ ဂါဇာနယ်စပ်တစ်လျှောက် ဆန္ဒပြမှုတွေမှာ သောကြာနေ့က အစ္စရေးတပ်ဖွဲ့ပစ်ခတ်လို့ ပါလက်စတိုင်းအမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဟားမတ်စ်ထိန်းချုပ်ရာ ဂါဇာဒေသက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘယ်သူဘယ်ဝါ မသိရသေးတဲ့ အဲဒီ အမျိုးသမီးဟာ ဂါဇာစီးတီးအရှေ့ဖက်မှာ ခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အက်ရှှ်ရက်ဖ်အယ်ကူဒရာက အေအက်ဖ်ပီကို ပြောပါတယ်။
ဒီအမျိုးသမီး သေဆုံးမှုနဲ့ ပတ်သက်ပြီး အစ္စရေးဖက်က ချက်ချင်း ထင်မြင်ချက်မပေးပေမယ့် နယ်စပ်တစ်လျှောက် နေရာအသီးသီးမှာ စုရုံးဆန္ဒပြနေတဲ့ ပါလက်စတိုင်းတွေ ၁၂၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
“ဂါဇာကမ်းမြောင်က လုံခြုံရေးစည်းရိုးတစ်လျှောက်မှာ ဆူပူအကြမ်းဖက်သူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး ပစ်သွင်းတာ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်ပစ်ဗုံးတွေနဲ့ အစ္စရေးတပ်တွေဆီ ပစ်သွင်းပြီး တိုက်ခိုက်နေတယ်။”လို့ စစ်တပ်ပြောခွင့်ရအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စစ်တပ်က ကျင့်ဝတ်လုပ်ထုံးတွေနဲ့ အညီ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
အဆိုပါ သောကြာနေ့က ဆန္ဒပြမှုတွေမှာ ဒဏ်ရာရသူ ပါလက်စတိုင်း ၁၄ ဦး ရှိကြောင်း သိရပါတယ်။