ဧရာဝတီတိုင်းတွင် မြေစစ်အမှု ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဝန်ကြီးပြော

ဧရာဝတီတိုင်းတွင် မြေစစ်အမှု ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဝန်ကြီးပြော

ပုသိမ်၊ ဇန်နဝါရီ ၉ ။             ။ မြေယာသိမ်းဆည်းမှုများကို စီစစ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်တွင် ဒီဇင်ဘာလအထိ မြေစစ်အမှုပေါင်း ၇၇ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

“ ဒီဇင်ဘာလကုန်အထိ ဧရာဝတီတိုင်းထဲမှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရတာတွေ ပြန်လည် စိစစ်လုပ်ငန်းအနေနဲ ့တင်ပြလာတဲ့အမှုပေါင်း ၁၂၃၉ မှု မှာ ဆောင်ရွက်ပြီးစီးသွားတာ ၉၅၇ မှု ရှိတယ်၊ ကျန်တာ ၂၈၇ မှု ကျန်တာပေါ့၊ ဆောင်ရွက်ပြီးသွားတာ ၇၇ ရာခိုင်နှုန်းပေါ့။ ကျန်တာက ၂၃ ရာခိုင်နှုန်းပေါ့” ဟု ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

ကျန်သည့် ၂၃ ရာခိုင်နှုန်းကို အမြန်ဆုံးပြီးအောင် တွန်းအားပေးဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

မြေစစ်အမှုများ ကြန့်ကြာနေခြင်းနှင့် ပတ်သက်ပြီး “အောက်က အခြေအနေမှာ တင်ပြလာတဲ့အချက်အလက် မပြည့်စုံလို့ ပြန်ပြီး စိစစ်ခိုင်းနေရတာတွေ တက်လာတဲ့အမှုတိုင်းက ပြည့်ပြည့်စုံစုံ မပါတာပေါ့။ ပြည့်ပြည့်စုံစုံ ရအောင် ပြန်စိစစ်ခိုင်းနေရတာ ရှိတယ်။ အချို့ မြေယာတွေမှာ မူလပိုင်ရှင် ဟုတ်၊ မဟုတ် ပြန်စိစစ်ခိုင်းရ တာတွေ ရှိတယ်၊ မူလပိုင်ရှင်လက်ထဲကို သက်ဆိုင်ရာမြေပြန်အပ်ဖို့ မူလပိုင်ရှင် အစစ်အမှန်ဖြစ်ဖို့ စိစစ်ရတာ တွေ ရှိတာပေ့ါ ” ဟု ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

 

မြေစစ်ကော်မတီ စိစစ်ပြီးသည့်အမှုများတွင် ကန်ကြီးထောင့်မြို့နယ်မှ အမှုတစ်မှုသာ ကန့်ကွက်ပြီး စာချွန်တော် တက်ထားခြင်းရှိကြောင်း သိရှိရသည်။

 

“ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံရတဲ့မြေတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပြန်လည်စွန့်လွှတ်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တဲ့အခါမှာလည်း မူလလက်ငုပ်နဲ ့လက်ရှိလက်ငုပ် အမျိုးမျိုးပြဿနာတွေ ရှိနေပါတယ်။ တောင်သူလယ်ဝယ် မြန်မြန်ဆန်ဆန်ရရှိဖို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ- ၃တွေ တကယ်ခိုင်မာသွားပြီး ပြဿနာလည်း မရှိတော့ဘူးဆိုရင် ပုံစံ-ရတွေ ထုတ်ပေးနေပါတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေ စီမံခန် ့ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်က မဇ္စျိမသို့ ပြောသည်။

 

လက်ရှိအချိန်တွင် ကြံခင်းမြို့နယ်ရှိ မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်မြေ ၅၀၃ ဧကအား တောင်သူ ၁၈၇ ဦးထံ ဇန်နဝါရီလအတွင်း ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း လယ်ယာမြေစီမံခန် ့ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly