ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွား ၂ ဦး သေ၊ ၄ ဦး ဒဏ်ရာရ

ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွား ၂ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ဇန်နဝါရီ ၈ ။          ။ ကျောင်းကုန်းမြို့နယ်တွင် ဇန်နဝါရီ ရရက်နေ့က ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ခရီးသည် ၂ဦးသေဆုံးကာ ၄ဦးဒဏ်ရာရှိရှိခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ရရက် နံနက်၂ နာရီ ၁၀ မိနစ်တွင် ကျောင်းကုန်းမြို့နယ် အဝစုကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမိုင်တိုင်(၇၁/၁၂)ကြားတွင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ မောင်းနှင်လာသောNissan(၆)ဘီး ယာဉ်ကို လားရာတူ အနောက်မှ မောင်းနှင်ပြီး ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့် ခရီးသည် ၁၅ ဦး လိုက်ပါ လာသော မန်းရာဇာ ခရီးသည်တင်ယာဉ်က ကျော်တက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Nissan(၆)ဘီး၏ ယာဉ်မောင်း ဦးမြင့်ဦး(၆၀)နှစ်နှင့် ခရီးသည်တင်ယာဉ်တွင် ပါလာသော ယာဉ်နောက်လိုက် ဇင်မောင်မောင်(၂၉)နှစ်တို့သည် နောက်စေ့ ဖူးရောင်/ဦးခေါင်း ချိုင့်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

Nissan(၆)ဘီးယာဉ်နောက်လိုက် ဇော်မင်းနိုင်(၂၉)နှစ်သည် ယာမျက်လုံး စုတ်ပြဲ ဒဏ်ရာရရှိပြီး မန်းရာဇာ ခရီးသည်တင်ယာဉ်မှ ခရီးသည်သုံးဦးတို့သည်  ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများကို ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ခရီးသည်တင်ယာဉ်မောင်း ဦးမြင့်လှိုင်ကို ကျောင်းကုန်းမြို့မ ရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly