Gay အချစ်ဇာတ်လမ်းအတွက် သရုပ်ဆောင် ၇ နေရာ ခေါ်ယူနေ

Gay အချစ်ဇာတ်လမ်းအတွက် သရုပ်ဆောင် ၇ နေရာ ခေါ်ယူနေ
"&Proud" LGBT festival" ကို ရန်ကုန်မြို့တွင် ကျင်းပနေသည်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့မြင်ရစဉ်။ ဓာတ့့်ပုံ-YE AUNG THU / AFP

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။              ။ Boy on Screen ဟု အမည်ပေးထားသည့် LGBT ဇာတ်ကားအရှည်(ဂေးအချစ်ဇာတ်လမ်း)အတွက် သရုပ်ဆောင် ဝါသနာပါသူများကို ခေါ်ယူနေပြီ ဖြစ်သည်။

ဇာတ်လမ်းအတွက် သရုပ်ဆောင်ဝါသနာပါသူ အနည်းဆုံး ၇ ယောက်အထိ ခေါ်ယူသွားမည်ဖြစ်ပြီး သရုပ်ဆောင် အတွေ့အကြုံမရှိသော်လည်း လျှောက်ထားနိုင်သည်ဟု သိရသည်။

ဇာတ်ကောင်ပုံစံနှင့်ကိုက်ညီသူများကို ရွေးချယ်ပြီးပါကလည်း  အမှန်တကယ် ကြိုးစားချင်သူများအနေဖြင့် နောက်ဆုံး အဆင့် ရွေးချယ်မှု အောင်မြင်ပါက သင်တန်းများ ပြုလုပ်ပေးသွားမည်ဟုလည်း Boy On SCREEN အဖွဲ့မှ ဆိုသည်။

ခေါ်ယူမည်မှာ အဓိကဇာတ်ဆောင် ၁ ၊ ၂  နှင့် ၃ အတွက် အမျိုးသား ၁ ဦးစီ ခေါ်ယူနေပြီး  အဓိကဇာတ်ဆောင် ၄ အတွက် အမျိုးသမီး ၁ ဦး၊ ဇာတ်ပို့ ၁ အတွက် အမျိုးသမီး ၁ ဦး၊ ဇာတ်ပို့ ၂ အတွက် အမျိုးသား ၂ ဦး ခေါ်ယူနေခြင်း ဖြစ်သည်။

နယ်မှ ၀ါသနာရှင်များအနေဖြင့်လည်း နောက်ဆုံးအဆင့်အောင်မြင်ပြီးချိန် Training ကာလ၊ ရိုက်ကူးရေး ကာလများတွင်  နေထိုင်ရန်  စီစဉ်ပေးမည်ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ သရုပ်ဆောင် အရည်အချင်းရှိ ၀ါသနာရှင်များ လျှောက် ထားရန်လည်း Boy on Screen အဖွဲ့မှ  တိုက်တွန်းပြောဆိုထားသည်။

ရိုက်ကူးမည့် ဇာတ်ကားသည် Gay အချစ်ဇာတ်လမ်းဖြစ်သော်လည်း ခေါ်ယူမည့် ဇာတ်ကောင်များအနေဖြင့် LGBT မဟုတ်ပါကလည်း လျှောက်ထားနိုင်ကြောင်း ဇာတ်လမ်းရိုက်ကူးမည့် Boy on Screen အဖွဲ့မှ ဆိုသည်။

အဆိုပါဇာတ်ကားအတွက် စိတ်ဝင်စားပါက ဖေ့ဘွတ်ခ်ပေါ်ရှိ Boy on Screen ပေ့ချ်တွင် ဒေါင်းလုတ်ရယူပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက [email protected]၊ 09 9621 96772 သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly