ပင်လယ်ဖြတ်ပြီး မြောက်အာဖရိကမှ စပိန်ဆီ ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀ ကျော်ကို ကမ်းခြေစောင်တပ်ဖွဲ့ ကယ်တင်

ပင်လယ်ဖြတ်ပြီး မြောက်အာဖရိကမှ စပိန်ဆီ ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀ ကျော်ကို ကမ်းခြေစောင်တပ်ဖွဲ့ ကယ်တင်
Photo: EPA

မြောက်အာဖရိကကနေ စပိန်ဆီ ပင်လယ်ကိုဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားသူ ၂၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့က စပိန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အယ်ဘိုရန်ပင်လယ်မှာ ရေယာဉ်သုံးစီးအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၁၆၄ ဦးကို တွေ့ရှိကယ်တင်ခဲ့ရတာပါ။

ဂျီဘရော်တာ ရေလက်ကြားမှာလည်း မြောက်အာဖရိကမှပဲ ဖြစ်ကြတဲ့ အရွယ်မရောက်သေးသူ ခုနစ်ဦး အပါအဝင် အခြားလူငယ် အယောက် ၅၀ ကို ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

စပိန်ကမ်းခြေစောင့်တပ်ဟာ အင်္ဂါနေ့မှာလည်း ပင်လယ်ကို ဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားသူ ၁၀၀ ကျော်ကို ကယ်ဆယ်ထားခဲ့ရပါသေးတယ်။

စပိန်နိုင်ငံဟာ မြေထဲပင်လယ်နဲ့ ဂျီဘရော်တာရေလက်ကြားကို ဖြတ်ကျော်ပြီး ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ဖြေရှင်းပေးနေရလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly