မိတ္ထီလာမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

မိတ္ထီလာမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
ဓာတ်ပုံ -ထီလာ ကိုငယ်လေး

ဇန်နဝါရီ ၂ ။            ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပေါက်ချောင်း(၂)ရပ်ကွက်တွင် ဇန်နဝါရီ ၂ ရက် ၊ မွန်းလွဲ ၁နာရီ ၃၀ မိနစ်အချိန်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ ဒုတိယရဲအုပ်သက်ပိုင်စိုးနှင့်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ ကျော်ဇင်လတ် (၂၃)နှစ် (ဘ)ဦးသန့်ဇင် ပေါက်ချောင်း(၂)ရပ်ကွက် မိတ္ထီလာမြို့နေသူမှာ ယင်းနေအိမ်၌ ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရသည်။

၎င်း၏နေအိမ်(ထရံကာ၊ သွပ်မိုး၊ ဝါးကြမ်းခင်း (၁)ထပ်အိမ်)အတွင်း အမြင့် (၆)ပေခန့်ရှိ သစ်သားထုတ်တန်းအား လက်သန်းလုံးခန့်ရှိ ပလပ်စတစ်ကြိုး (အပြာရောင်)အသုံးပြု၍ ထိုင်လျက်အနေအထားဖြင့် ဦးခေါင်းနှင့်ထုပ်တန်း (၄)ပေခန့်အကွာတွင် ပြင်ပဒဏ်ရာများမတွေ့ရှိဘဲ ကြိုးဆွဲချသေဆုံးနေကြောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းရာ သေဆုံးသူမှာ ၎င်း၏မိသားစုငွေကြေးရေးအခက်အခဲကြောင့်ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇင်လတ် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းသိရှိနိုင်ရန် ဒုတိယရဲအုပ်သက်ပိုင်စိုးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly