ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး အမေရိကန်နဲ့ ဆက်နွှယ်တဲ့ ဆိုးကျိုးတွေအတွက် ပြင်ဆင်ထားဖို့ ကျူးဘားခေါင်းဆောင် ကက်စထရိုပြော

ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး အမေရိကန်နဲ့ ဆက်နွှယ်တဲ့ ဆိုးကျိုးတွေအတွက် ပြင်ဆင်ထားဖို့ ကျူးဘားခေါင်းဆောင် ကက်စထရိုပြော

ဟာဗားနား၊ ဇန်နဝါရီ ၂ ။            ။ ကျူးဘားသမ္မတဟောင်းနဲ့ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ရာအူးလ်ကက်စထရိုက နိုင်ငံအနေဖြင့် ကာကွယ်ရေးစွမ်းရည် ခိုင်မာအောင် မြှင့််တင််ပြီး အမေရိကန််နဲ့ ဆက်စပ်တဲ့ ဆိုးကျိုးတွေအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းပြောဆိုပါတယ်။

အမေရိကန်ကို ထိပ်တိုက်တွေ့မယ့် ပေါ်လစီတွေ ပြန်လည်ကျင့်သုံးနေတယ်လို့ စွပ်စွဲပြောဆိုထားတဲ့ ကက်စထရိုက ဆန်တီယာဂိုမှာ ကျင်းပတဲ့ ၁၉၅၉ ကျူးဘားတော်လှန်ရေး နှစ်ခြောက်ဆယ်ပြည့် အခမ်းအနားမှာ ခုလို ပြောဆိုတာပဲ ဖြစ်ပါတယ်။

ကြုံတွေ့လာနိုင်တဲ့ အားလုံးသော ဆိုးကျိုးတွေအတွက် ကျူးဘားပြည််သူအားလုံး ပြင်ဆင်ထားကြဖို့ရာ အားလုံးမှာ တာဝန်ရှိနေပါတယ်လို့ အသက် ၈၇ နှစ်ရှိ ကက်စထရိုက ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ အချုပ်အခြာနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်ဦးစားပေးသွားမှာ ဖြစ်ပါတယ်။”လို့ ၂၀၀၈ ဖေဖော်ဝါရီကနေ ပြီးခဲ့တဲ့နှစ် ဧပြီအထိ ကျူးဘားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၎င်းက ဆိုပါတယ်။

ဒါအပြင်လည်း ကျူးဘားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဖေဖော်ဝါရီ ၂၄ မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ကြောင်း၊ တော်လှန်ရေးနဲ့ ဆိုရှယ်လစ်ဝါဒကို ပြည်သူတွေရဲ့ အားပေးမှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အများစုက ထောက်ခံကြလိမ့်မှာဖြစ်တယ်လို့လည်း ကက်စထရိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly