အီကွေဒေါမှာ ဆောင်းကာလရဲ့ ပထမဆုံးသော မိုးရွာပြီးနောက် ခြောက်သွေ့တောအုပ်တစ်ခုလုံး ရွှေရောင်ပန်းတွေနဲ့ ဖုံးလွှမ်းသွား

အီကွေဒေါမှာ ဆောင်းကာလရဲ့ ပထမဆုံးသော မိုးရွာပြီးနောက် ခြောက်သွေ့တောအုပ်တစ်ခုလုံး ရွှေရောင်ပန်းတွေနဲ့ ဖုံးလွှမ်းသွား

ဇန်နဝါရီ ၁ ။         ။ အီကွေဒေါနိုင်ငံမှာ ဆောင်းဥတုကာလရဲ့ ပထမဆုံးသော မိုးရွာသွန်းခဲ့ပြီးနောက် မူလက ခြောက်သွေ့ရော်ရင့်နေခဲ့တဲ့ သစ်တောအုပ်တစ်ခုကတော့ ရွှေရောင်အဆင်းရှိ ပန်းပွင့်တွေနဲ့ဖုံးလွှမ်းသွားပြီး အင်မတန် လှပတဲ့ တောအုပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းက Zapotillo နယ်မြေမှာ ရှိတဲ့ တောအုပ်တစ်ခုကတော့ မူလတုန်းက ရာသီဥတုကြောင့် ခြောက်သွေ့ရော်ရင့်နေလျက် ရှိခဲ့ပေမယ့် ယခုအခါမှာတော့ ရွှေရောင်အဆင်းရှိ တောအုပ်တစ်ခုအဖြစ် လှပနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဆောင်းတွင်းကာလရဲ့ ပထမဆုံးသော မိုး ရွာသွန်းပြီးနောက် ဒေသအခေါ် “guayacan” လို့ခေါ်တဲ့ ရွှေဝါရောင် ပန်းပွင့်တွေ ယင်း တောအုပ်တစ်ခုလုံးမှာ ဝေဝေဆာဆာ
ဖူးပွင့်လာခဲ့တာဖြစ်ပါတယ်။
ခုလိုမျိုး ဟက်တာပေါင်း ၄၀,၀၀၀ ခန့်ရှိ ယင်းတောအုပ်မှာ ခုလိုမျိုး ရွှေဝါရောင် ပန်းပွင့်တွေ ဖူးပွင့်တာကတော့ နှစ်စဉ်နှစ်တိုင်း ယခုလို အချိန်မျိုးမှာ မြင်တွေ့ရလေ့ရှိပြီး ခရီးသွားဧည့်သည်တွေနဲ့ သဘာဝအလှပတရား ချစ်မြတ်နိုးသူတွေကို အထူးဆွဲဆောင်နိုင်နေလျက် ရှိတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly