ရောမခေတ် ကိုယ်တစ်ပိုင်းပုံ ရုပ်တု ၂ ရုပ် အစ္စရေးမှာ ရှာဖွေတွေ့ရှိ

ရောမခေတ် ကိုယ်တစ်ပိုင်းပုံ ရုပ်တု ၂ ရုပ် အစ္စရေးမှာ ရှာဖွေတွေ့ရှိ

ဒီဇင်ဘာ ၃၁ ။        ။ နှစ်သက်တမ်းပေါင်း ၁,၇၀၀ ခန့် ရှိ ရောမခေတ် ကိုယ်တစ်ပိုင်းပုံ ကျောက်ဆစ်ရုပ် နှစ်ရုပ်ကို အစ္စရေးနိုင်ငံမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ နိုင်ငံ မြောက်ပိုင်းက Beit Shean မြို့မှာ ယခုလအစောပိုင်းတုန်းက မိုးသည်းထန်စွာ ရွာပြီးနောက် ယင်း ရောမခေတ် ရှေ့ဟောင်း ကိုယ်တစ်ပိုင်းပုံ ရုပ်တု နှစ်ရုပ် မြေကြီးထဲကနေ ပေါ်ထွက်လာခဲ့တာဖြစ်ကြောင်း အစ္စရေး ရှေ့ဟောင်းပစ္စည်း အာဏာပိုင်အဖွဲ့ AAI က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုံးကျောက်နဲ့ ထုထွင်းဖန်တီးထားတဲ့ ယင်းကျောက်ဆစ်ရုပ် နှစ်ရုပ်ကတော့ အမျိုးသား ပုံစံ ရုပ်တုတွေဖြစ်တယ်လို့ သိရပါတယ်။ ယင်းတို့ကိုတော့ ရောမခေတ် နှောင်းပိုင်းကာလတုန်းက ရေပန်းစားခဲ့တဲ့ အရှေ့တိုင်း စတိုင် ထုထွင်းထားတာဖြစ်တယ်လို့ IAA ရဲ့ ရှေ့ဟောင်းပစ္စည်း ထိန်းသိမ်းကာကွယ်ရေးဌာန ဒုတိယအကြီးအကဲ အီသန် ကလိန်းက ပြောသွားပါတယ်။

ယင်း ရှေ့ဟောင်း ကိုယ်တစ်ပိုင်း ရုပ် နှစ်ရုပ်ကိုတော့ Beit Shean မြို့က အမျိုးသားပန်းဥယျာဉ် မြောက်ဘက်ပိုင်းမှာ ပေါ်ထွက်လာတာကို အမျိုးသမီးတစ်ဦးက စတင် တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“ ဒီလိုမျိုး ကိုယ်တစ်ပိုင်း ရုပ်တုတွေက များသောအားဖြင့် အဲခေတ်တုန်းက လူတွေကို မြုှပ်နှံတဲဲ့ ဂူတွေအနားမှာ ထားလေ့ရှိခဲ့ပါတယ်၊ နောက်ပြီး
ဒီအရုပ်တွေက သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေကို ထင်ဟပ် ထွင်းထုထားတတ်ကြပါတယ်” ဆိုပြီး ကလိန်းက ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly