ဧရာဝတီမြစ်အတွင်း စက်လှေနှစ်စင်းတိုက်မိရာ ဘုရားဖူးစက်လှေမြှုပ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ဧရာဝတီမြစ်အတွင်း စက်လှေနှစ်စင်းတိုက်မိရာ ဘုရားဖူးစက်လှေမြှုပ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး
ဓာတ်ပုံ - ရဲတပ်ဖွဲ့

ချောက် ၊ ဒီဇင်ဘာလ ၂၉ ။        ။ ညောင်ဦး၌ ဧရာဝတီမြစ်အတွင်း စက်လှေနှစ်စင်းတိုက်မိရာ ဘုရားဖူးစက်လှေ နစ်မြှုပ်ပြီး အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်းဟု ပုဂံမြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ဧဒင်ဟိုတယ် အနောက်ဘက် ဧရာဝတီမြစ်အတွင်း မြစ်ကမ်းစပ်မှ ပေ ၂၀ ခန့်အကွာ၌ ဘုရားဖူး စက်လှေယာဉ်နှင့် စိန်နန်းအောင် ကျောက်စရစ်စုပ် စက်လှေယာဉ် နှစ်စင်းတို့ သည် ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက တိုက်မိခဲ့သည်။

အဆိုပါ စက်လှေ ၂ စီးမှာ ပုဂံမြို့၊ အနော်ရထာရပ်ကွက်၊ တိုက်ကုန်းရပ်နေ တန့်ကြည့်တောင်ဘုရားဖူးသွား "ရတနာအောင်" စက်လှေယာဉ်မောင်း အောင်အောင် ၂၄ နှစ်နှင့် ရွာမနားဘုန်းကြီးကျောင်း ဆရာတော် ဦးပညာသီလ၊ အသက် ၄၄ နှစ်(ဝါတော် ၂၄ ဝါ ) ဦးဆောင်ပြီး  တောင်တွင်းကြီးမြို့နယ် ပင်တိုင်ကျေးရွာနေ အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁၉ ဦး စီးနင်းလာသည့်စက်လှေနှင့် တောင်မှ မြောက် မြစ်အဆန်အတိုင်း မအူပင်မြို့ ညောင်ဝိုင်းကျေးရွာနေ စိန်နန်းအောင် ကျောက်စုပ်စက်လှေ မောင်းနှင်သူ  မြတ်ဇော်မိုး ၄၀ နှစ် တို့သည် ယှဉ်မောင်းစဉ် ဘေးတိုက် တိုက်မိ၍ ဘုရားဖူးခရီးသည် စီးနှင်းလာသည့်  ရတနာအောင်  စက်လှေနှစ်မြှုပ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းစက်လှေနှစ်မြှုပ်ရာတွင် တောင်းတွင်းကြီးမြို့ ပင်တိုင်းကျေးရွာနေ တောင်သူ  ဒေါ်တင်မာရီ၊ အသက် ၄၃ နှစ်သည် စက်လှေနှစ်မြှုပ်ရာတွင် ပါသွား၍ ယင်းနေ့လယ်ပိုင်းတွင် အလောင်းအား ပြန်လည်ဆယ်ယူနိုင်သည်ဟု ရဲမှတ်တမ်းအရ သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စက်လှေမောင်းနှင်သူ နှစ်ဦးအား ပုဂံနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၀၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly