အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ပြင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဗုံးခွဲသည်ဟု ယူဆရသည့် အကြမ်းဖက်သမား ၄၀ ဦးအား အဆုံးစီရင်

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ပြင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ဗုံးခွဲသည်ဟု ယူဆရသည့် အကြမ်းဖက်သမား ၄၀ ဦးအား အဆုံးစီရင်

ဒီဇင်ဘာ ၂၉ ။           ။ ယမန်နေ့က ကိုင်ရိုမြို့ပြင်အနီးတစ်ဝိုက်ရှိ ပိရမစ်တွေနားမှာ ဗုံးပေါက်ကွဲခဲ့ရာ ခရီးသွားဧည့်သည်တွေနဲ့ အီဂျစ်ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့အတွက် ဗုံးထောင်သူတွေလို့ ယူဆရတဲ့ အကြမ်းဖက်သမား အယောက် ၄၀ ကို အဆုံးစီရင်လိုက်ကြောင်း အီဂျစ်အာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယမန်နေ့က ကိုင်ရိုမြို့ပြင်မှာ ဗုံးပေါက်ကွဲတဲ့အချိန်မှာ ပိရမစ်တွေနား ဖြတ်မောင်းလာတဲ့ ဘတ်စကားကို ထိမှန်ပြီး အဆိုပါဘတ်စ်ကားပေါ် စီးနင်းလိုက်ပါလာတဲ့  ဗီယက်နမ်ခရီးသွားဧည့်သည် ၃ ဦးနဲ့ အီဂျစ်ဧည့်လမ်းညွှန်တစ်ဦးသေဆုံးခဲ့ရသလို ကျန် ဗီယက်နမ်ခရီးသွားဧည့်သည် ၉ ဦးနဲ့ အီဂျစ်ကားသမားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ခရီးသွားဧည့်သည်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံတိုက်ခိုက်တဲ့ ပထမဆုံး မှုခင်းဖြစ်ကြောင်း သိရှိရပါတယ်။

၂၀၁၅ ခုနှစ်က အီဂျစ်နိုင်ငံ၊ Sinai ကျွန်းဆွယ်နား ပျံသန်းလာတဲ့ ရုရှလေယာဉ်တစ်စင်းကိုလည်း ဗုံးဖောက်ခွဲလုပ်ကြံခဲ့တဲ့အတွက် ခရီးသည် ၂၂၄ ဦးလုံးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly