အသံထက် အဆ ၂၀ မြန်တဲ့ ဟိုက်ပါဆိုနစ်ဒုံးကျည်သစ် အောင်မြင်စွာ စမ်းသပ်နိုင်တာအတွက် ပူတင် ချီးမွှမ်း

အသံထက် အဆ ၂၀ မြန်တဲ့ ဟိုက်ပါဆိုနစ်ဒုံးကျည်သစ် အောင်မြင်စွာ စမ်းသပ်နိုင်တာအတွက် ပူတင် ချီးမွှမ်း
Photo: AFP

မော်စကို၊ ဒီဇင်ဘာ ၂၇ ။     ။ ရုရှသမ္မတ ဗလာဒီမာပူတင်က ဟိုက်ပါဆိုနစ်ဒုံးကျည်သစ် စမ်းသပ်အောင်မြင်တာအတွက် ဗုဒ္ဓဟူးနေ့မှာ ချီးမွှမ်း ပြောဆိုပါတယ်။

အဲဒီ ဟိုက်ပါဆိုနစ်ဒုံးကျည်နဲ့ ပတ်သက်ပြီး အစောပိုင််းမှာ ပူတင်ဟာ ရှိနေ၊ အသုံးပြုနေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ခေတ်နောက်ကျစေမယ့် ဒုံးကျည်စနစ်သစ်အဖြစ် ထုတ်ဖော်ပြောထားဖူးပါတယ်။

“ကျွန်တော်ရဲ့ ညွှန်ကြားချက်အရ  ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ဒီစနစ်သစ်ဒုံးကျည်ကို နောက်ဆုံးမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ လုံးလုံးလျားလျား ချို့ယွင်းချက် တစ််စိုးတစ်စိမှ မရှိဘဲ စမ်းသပ်အောင်မြင်ခဲ့တာပါ။”လို့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အစည်းအဝေးမှာ ပူတင်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ ရုရှနိုင်ငံရဲ့ မဟာဗျူဟာလက်နက်အမျိုးအစားသစ်ပဲ ဖြစ်တယ်။”လို့ ပူတင်က ပြောရင်း Avangard လို့ အမည်ပေးထားတဲ့ ဒီ တိုက်ချင်းပစ်ဒုံးကျည်ကို ၂၀၁၉ ကျရင် စစ်တပ်မှာ ထည့်သွင်းအသုံးပြုတော့မှာဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

ရုရှနိုင်ငံရဲ့ အခု စမ်းသပ်အောင်မြင်တဲ့ ဟိုက်ပါဆိုနစ် ဒုံးကျည်သစ်ဟာ အသံထက် အဆ ၂၀ မြန်ပြီး အထက်အောက် ဗျူဟာကစားနိုင်တာကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ထွင်းဖောက်ကျော်လွှားနိုင်ကြောင်း ပူတင်က ပြောထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly