အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၂၉ ဦး အထိ ရှိလာ

အင်ဒိုနီးရှား ဆူနာမီ သေဆုံးသူ ၄၂၉ ဦး အထိ ရှိလာ
Photo: EPA

ဂျကာတာ၊ ဒီဇင်ဘာ ၂၆ ။       ။ အင်ဒိုနီးရှားနိုင်ငံ ဆန်ဒါရေလက်ကြားမှာ ဖြစ်ပေါ်တဲ့ ဆူနာမီဘေးဒဏ်အပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မိုးသည်းထန်တဲ့ကြားထဲက ဆက်လက်လုပ်ဆောင်နေရာမှာ သေဆုံးသူဦးရေ ၄၂၉ ဦးအထိ စာရင်းကောက်ယူရရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပျေက်ဆုံးနေတဲ့ ဦးရေက ၁၅၄ ဦး ရှိပြီး ဒဏ်ရာရသူ ၁၅၀၀ ကျော်ထက်မနည်းရှိတယ်လို့ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ပြောခွင့်ရသူ ဆူတိုပိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းမှာ ဂျာဗားကျွန်းတောင်ပိုင်းနဲ့ ဆူမတြားမြောက်ပိုင်းတို့မှာ ဆူနာမီရေလှိုင်းေျွှွ ဖြစ်ပေါ်ခဲ့တာပါ။

အဆိုးဆုံးကြုံတဲ့ ကမ်းခြေဒေသကတော့ ဂျာဗားကျွန်းက ပန်ဒီဂလန်ကမ်းခြေအရပ်ဖြစ်ပြီး ရုံးအားလပ်ရက်ကာလ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေချိန် နှစ်မီတာမှ သုံးမီတာအမြင့်ရှိ ဆူနာမီလှိုင်းတွေရဲ့ ရိုက်ပုတ်တာနဲ့ ရင်ဆိုင်တွေ့ခဲ့တာ ဖြစ်ပါတယ်။

အနံ့ခံခွေးတွေ၊ အကြီးစားစက်ယန္တရားကြီးတွေနဲ့အတူ အပျက်အစီးပုံတွေကို ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အခု ဆူနာမီဖြစ်ပွားမှုဟာ မီးတောင်ပေါက်ရာက ရေအောက်မြေပြိုမှုဖြစ်ပြီး ဆူနာမီလှိုင်း ဖြစ်ပေါ်တာပဲ ဖြစ်ပါတယ်။

ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပွားတတ်ရာ  ပစိဖိတ်မီးစက်ကွင်းရပ်ဝန်းအတွင်းမှာ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ နှစ်စဉ် ငလျင်ပေါင်း ၇၀၀၀ ခန့် လှုပ်တာနဲ့ ကြံရလေ့ရှိပြီး အများစုက အင်အားအသင့်အတင့်ရှိ ငလျင်တွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly