ရာသီသစ်အတွက် နောက်ဆုံးခေါ်ယူမှုအဖြစ် ဂျပန်ကွင်းလယ်လူကို ခေါ်ယူလိုက်တဲ့ ရှမ်းယူနိုက်တက်

ရာသီသစ်အတွက် နောက်ဆုံးခေါ်ယူမှုအဖြစ် ဂျပန်ကွင်းလယ်လူကို ခေါ်ယူလိုက်တဲ့ ရှမ်းယူနိုက်တက်

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၁၉ ဘောလုံးရာသီအတွက် နောက်ဆုံးကစားသမားခေါ်ယူမှုအဖြစ် ဂျပန်ကွင်းလယ်လူ ရီယို နာကာမူရာကို တစ်ရာသီ စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

နာကာမူရာဟာ မွန်ဂိုလီးယားကလပ် erchim klub အသင်းမှ ရှမ်းယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျပန်ကစားသမားဟာ ကွင်းလယ်ခံစစ်နဲ့ တိုက်စစ် နှစ်နေရာစလုံး ကစားနိုင်သူလည်းဖြစ်ပါတယ်။

“ရှမ်းယူနိုက်တက်အသင်းအကြောင်းကို ကျနော် သေချာ သိထားပါတယ်။ အောင်မြင်မှုအတွက် ဒီအသင်းက လုပ်နေတာ အများကြီးပါ။ ဆုဖလားတစ်ခုခု ရဖို့ ကျနော် အစွမ်းကုန် ကြိုးစားသွားပါမယ်”လို့ နာကာမူရာက ဆိုပါတယ်။

၂၀၁၇ ဘောလုံးရာသီ ချန်ပီယံအသင်းဟာ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဂူစတာဗို၊ မေကွန်၊ ဒီဒီမာနဲ့ နာကာမူရာ စုစုပေါင်း ပြည်ပကစားသမား ၄ ဦးကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

ပြည်တွင်း ကစားသမားတွေအနေနဲ့ကတော့ ပြည့်စုံအောင် (စစ်ကိုင်းယူနိုက်တက်)၊ ရဲရင့်ထွန်း (ရတနာပုံ)၊ ဆက်ဖြိုးဝေနဲ့ နဒ႖ကျော် (မကွေး) တို့ကို အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

Ref; Shan United

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly