ASEAN Youth Conference 2018 တွင် မြန်မာနိုင်ငံမှ တက်ရောက်

ASEAN Youth Conference 2018 တွင် မြန်မာနိုင်ငံမှ တက်ရောက်

ဒီဇင်ဘာ ၂၄ ။              ။ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော ASEAN Youth Conference 2018 တွင်  မြန်မာနိုင်ငံမှလည်း ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်အတွင်းက ကျင်းပခဲ့တဲ့ ဒီပွဲမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လူငယ်ဆွေးနွေးသူ ၂၀၀ ခန့်က တက်ရောက်ခဲ့ကြတာပါ။

ASEAN လူမှုအသိုက်အဝန်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဖွင့်ပွဲမှာတော့ Senjaya Mulia (Founder of ASEAN Youth Organization (AYO)) က အဖွင့်စကား ပြောကြားခဲ့ပါတယ်။ အာဆီယံရဲ့ ဖွံ့ဖြိုးမှုနဲ့ လူငယ်တွေရဲ့ အလားအလာအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယနေ့မှာတော့ Road ASEAN Vision 2020 အကြောင်း ဆွေးနွေးခဲ့ကြပြီး အာဆီယံ သဘာဝပတ်ဝန်းကျင် အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ဒီ ကွန်ဖရင့်မှာ Global Entrepreneurship Week – Singapore ကလည်း ပါဝင် ပံ့ပိုးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly