ထိုင်းမှာ ခရစ္စမတ်အကြို ဆန်တာလိုမျိုး ပြင်ဆင်ဝတ်စားထားတဲ့ ဆင်တွေနဲ့ ကလေးငယ်တွေ တွေ့ဆုံ

ထိုင်းမှာ ခရစ္စမတ်အကြို ဆန်တာလိုမျိုး ပြင်ဆင်ဝတ်စားထားတဲ့ ဆင်တွေနဲ့ ကလေးငယ်တွေ တွေ့ဆုံ

ဒီဇင်ဘာ ၂၄ ။           ။ ထိုင်းနိုင်ငံမှာတော့ ခရစ္စမတ် အကြို ပျော်ပွဲရွှင်ပွဲ ဆင်နွှဲကျင်းပမှုတွေ ပြုလုပ်နေလျက် ရှိပါတယ်။

ယခုအခါမှာလည်း ဆင်တွေကို ဆန်တာ ကလော့စ် လိုမျိုး အဝတ်အစားတွေ ဝတ်ဆင်ပြင်ဆင်ပေးထားပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံစေတဲ့ အခမ်းအနားတစ်ရပ်ကိုလည်း ယင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားမှာတော့ ဆန်တာလိုမျိုး အနီရောင် အဝတ်အစား ပုံစံတွေ ဝတ်ထားတဲ့ ဆင်တွေဟာ ကလေးငယ်တွေနဲ့ တွေ့ဆုံပြီး လက်ဆောင်တွေ ပေးခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဆင်တွေနဲ့ အတူ ကလေးငယ်တွေ တစ်ပျော်တစ်ပါး ကခုန်မှုတွေလည်း ရှိခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly