ကာဗီနာ၊ ဒီဇင်ဘာ ၂၂ ။ ။ ချက်သမ္မတနိုင်ငံရဲ့ အရှေ့ပိုင်းက ကျောက်မီးသွေးမိုင်းတွင်းတစ်တွင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မိုင်းလုပ်သား ၁၃ ဦး သေဆုံးတယ်လို့ တာဝန်ရှိသူတွေနဲ့ မိုင်းတွင်းကုမ္ပဏီတို့က သောကြာနေ့မှာ ပြောပါတယ်။
ပါရာဂွေးအရှေ့ဖက် ၁၈၆ မိုင်အကွာခန့်မှာရှိတဲ့ ကာဗီနာမြို့နားက နိုင်ငံပိုင်မိုင်းတွင်း အိုစထရာဗာကာဗီနာမှာ ကြာသပတေးနေ့ နှောင်းပိုင်းက မြေအောက် မီတာ ၈၀၀ အနက်လောက်မှာ မီသိန်းပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
“ဒီမိုင်းတွင်း ပေါက်ကွဲမှုမှာ သေဆုံးသူတွေအတွက် ဝမ်းနည်းဖွယ်အဖြစ် ချက်လွှတ်တော် အစမှာ မိနစ်ပိုင်းတိတ်ဆိတ်ပြီး ဝမ်းနည်းကြောင်း ဖော်ပြမှာ ဖြစ်ပါတယ်။”လို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရက်ဘာဘီက သူ့ရဲ့ တရားဝင်တွစ်တာပို့့စ်မှာ ရေးသားပါတယ်။
မိုင်းတွင်းပေါက်ကွဲမှုမှာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ရာ ၎င်းတို့ကို အိုစထရာဗာက တက္ကသိုလ်ဆေးရုံကို တင်ပို့ပေးထားကြောင်း မိုင်းကုမ္ပဏီ ပြောခွင့်ရသူက ဆိုပါတယ်။
ခု ပေါက်ကွဲမှုကြောင့် မိုင်းတွင်းရဲ့ ဧရိယာတော်တော်များများ ပျက်စီးခဲ့ရပါတယ်။ ပေါက်ကွဲမှုအတွင်း ဘေးအန္တရာယ် ကြုံသူတွေနဲ့ ရှင်ကျန်ဖွယ် ရှိတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲ ရှိပါတယ်။