ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်း နေက်ခံလူ မူရယ်လိုကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၆ နှစ်ရှိ ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာ အင်တာမီလန်အသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားရာမှ ယခုရာသီမှာ ဗလင်စီယာအသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
သူဟာ အရင်က စပိန်လာလီဂါမှာ ဂရန်နာဒါ၊ ကာဒစ်ဇ်နဲ့ လာစ်ပါးမတ်စ်အသင်းတို့မှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ မူရယ်လိုကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့တဲ့အတွက် ဗလင်စီယာအသင်းကို ယူရို ၂ သန်းပေးချေရမှာဖြစ်ပြီး ရာသီကုန်မှာ ယူရို ၂၅ သန်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖု႔ိ သဘောတူညီမှုရယူထားတယ်လို့ သိရပါတယ်။
မူရယ်လိုကို ဘာစီလိုနာကစားသမားအဖြစ် ဒီဇင်ဘာ ၂၇ ရက်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး ကျောနံပါတ် ၄ ပေးအပ်မှာလို့ သိရပါတယ်။
Ref; BBC