အီရတ်မှာ အိုင်အက်စ်ရဲ့ နှိပ်စက်ခံ ရာဇီဒီအမျိုးသမီးတွေ ပါရီသို့ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိ

အီရတ်မှာ အိုင်အက်စ်ရဲ့ နှိပ်စက်ခံ ရာဇီဒီအမျိုးသမီးတွေ ပါရီသို့ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိ
Photo: AFP

ပါရီ၊ ဒီဇင်ဘာ ၂၁ ။         ။ အီရတ်မှာ အိုင်အက်စ်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ရာဇီဒီလူမျိုးစုက အမျိုးသမီး ၁၆ ဦးအသုတ်ဟာ သူတို့ရဲ့ ကလေးငယ်တွေနဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ဆီ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိလို့ လာပါတယ်။

ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်နိုင်ငံဆီ အမျိုးသမီး ၈၉ ဦးအုပ်စု ခေါ်ယူလက်ခံရေးအရ ရောက်ရှိလာကြတဲ့ ပထမအသုတ်ပဲ ဖြစ်ပါတယ်။

ဂျီဟတ်တွေရဲ့ ဖမ်းဆီးခံ သားကောင် ဖြစ်ခဲ့ရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နာဒီယာမူရတ်က သူ့ရဲ့ တိုင်းရင်းမျိုးနွယ်တူဖြစ်တဲ့ ရာဇီဒီအမျိုးသမီးတွေကို အိုင်အက်စ်ခေါင်းဆောင်တွေအပေါ် တရားမစီရင်နိုင်မချင်း အကာအကွယ်ပေးထားဖို့ တိုက်တွန်းပြောဆိုပါတယ်။

“အိုင်အက်စ်တွေကို နိုင်ငံတကာခုံရုံးတွေမှာ အရေးယူမခံရမချင်း ဒုက္ခရောက်ခဲ့ရသူတွေကို ဘေးကင်းလုံခြုံမှု ပေးသင့်ပါတယ်။”လို့ ဒိုဟာမှာ ကျင်းပတဲ့ နိုင်ငံတကာညီလာခံတစ်ရပ်မှာ အသက် ၂၅ နှစ်ရှီ မူရတ်က တိုက်တွန်းပြောဆိုခဲ့တာပါ။

အိုင်အက်စ်တွေရဲ့ ဖမ်းဆီးခံရတဲ့ လူနည်းစု ရာဇီဒီတွေကိုလည်း ရှာဖွေစုံစမ်းပေးဖို့ အီရတ်နဲ့ အခြားနိုင်ငံတွေကို မူရတ်က ထပ်မံတိုက်တွန်းပြောဆိုပါတယ်။

မူရတ်ဟာ အီရတ်က ရာဇီဒီမျိုးနွယ်စုတွေရဲ့ ဆင်းရဲဒုက္ခအဝဝကို အရေးထားလုပ်ဆောင်ခြင်းကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆုကို ကွန်ဂိုက ကလေးသူငယ်အရေး လှုပ်ရှားတဲ့ ဆရာဝန် မူဝီဂီနဲ့အတူ ပူးတွဲချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly