အယ်လ်အေ ဂလက်စီအသင်းနဲ့အတူ နောက်တစ်ရာသီဆက်ရှိနေတော့မယ့် အီဗရာဟီမိုဗစ်ချ်

အယ်လ်အေ ဂလက်စီအသင်းနဲ့အတူ နောက်တစ်ရာသီဆက်ရှိနေတော့မယ့် အီဗရာဟီမိုဗစ်ချ်
Photo: EPA

တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ချ်ဟာ အယ်လ်အေ ဂလက်စီအသင်းနဲ့အတူ မေဂျာလိဂ်ပြိုင်ပွဲမှာ နောက်ထပ်တစ်ရာသီ ဆက်ရှိနေတော့မှာဖြစ်တယ်လို့ အင်္ဂါနေ့က အသင်းရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

မိုဗစ်ချ်ဟာ မေဂျာလိဂ်မှာ အမေရိကန်ကလပ်နဲ့အတူ ၂၀၁၈ ခုနှစ်က စတင်ကစားခဲ့ပြီး ၂၇ ပွဲမှာ ၂၂ ဂိုးသွင်းယူကာ ၁၀ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

“ကျနော်တို့ ဇလာတန်ကို စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ အလွန်ပျော်ရွင်နေပါတယ်။ ၂၀၀၉ ဘောလုံးရာသီမှာ သူ့ကို တဖန်ပြန်လည် မြင်တွေ့ရပါလိမ့်မယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ တန်ဖိုးရှိမှုကို ပြန်သခဲ့ပါတယ်။ လာမယ့်နှစ် ကျနော်တို့အသင်းမှာ ကစားပေးဖို့ မျှော်လင့်ပါတယ်။”လို့ အယ်အေ ဂလက်စီအသင်းရဲ့ အထွေထွေမန်နေဂျာ ဒန်းနစ်တီ ကလို့စ်က ပြောပါတယ်။

အီဗရာဟီမိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ရာသီ အယ်လ်အေ ဂလက်စီအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး MLS Best XI မှာလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ မေဂျာလိဂ်ရဲ့ မျက်နှာသစ် ကစားသမား(MLS Newcomer of the Year) အဖြစ်လည်း ရွေးချယ်ခံရပါတယ်။

ဒါ့အပြင် သူဟာ မေဂျာလိဂ်သမိုင်းကြောင်း တစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုး ၂၀ ကျော်နဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်တဲ့ တတိယမြောက် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

မိုဗစ်ချ်ဟာ စက်တင်ဘာ ၁၅ ရက်က တိုရွန်တိုအသင်းဖက်သို့ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ပေါ်တူဂီရဲ့ ရော်နယ်လ်ဒို၊ အာဂျင်တီးနားရဲ့ မက်ဆီတို့နဲ့အတူ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ဂိုး ၅၀၀ သွင်းယူတဲ့ လက်ရှိသက်ရှိထင်ရှား တတိယမြောက် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly