ဒလတံတားစီမံကိန်း ဒီဇင်ဘာ ၂၄ရက်တွင် ပန္နက်တင်မည်

ဒလတံတားစီမံကိန်း ဒီဇင်ဘာ ၂၄ရက်တွင် ပန္နက်တင်မည်

ဒီဇင်ဘာ ၁၉  ။           ။ ရန်ကုန်-ဒလကို ဆက်သွယ်မည့် ဒလတံတားစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းတည်ဆောက်သွား မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ရက်တွင် ပန္နက်တင်အခမ်းအနားကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

“ရန်ကုန်မြစ်ရဲ့အနောက်ဖက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စတင်နိုင်ခဲ့ပြီဖြစ် ပါတယ်။ ဒီထဲမှာ အဓိကအကျဆုံးကတော့ ကိုရီးယားမြန်မာချစ်ကြည်ရေးတံတားကို မကြာခင် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး ပန္နက်ချဖို့ရှိပါတယ်။ ဒီတံတားကြီးဟာ ကျွန်တော်တို့ ကို ရီးယား-မြန်မာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် အရေးကြီးတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။ သင်္ကေတတစ် ခု ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

ရန်ကုန်မြစ်အနောက်ဖက်ကမ်း ဖွ့ံဖြိုးတိုးတက်ရေးစီမံကိန်းများကို ကိုးရီးယားနိုင်ငံ (KOIKA)၏ အကူအညီနှင့် Master Plan အကြမ်းရေးဆွဲပြီး ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေသိရသည်။

“ရှေ့တစ်ပတ်ထဲမှာတော့ “Friendship Bridge”လို့ ကိုးရီးယာမှာသိကြတဲ့ အချိန်အကြာကြီးစောင့်ဆိုင်းလာခဲ့ရ တဲ့ “Dala Bridge” ပန္နက်တော်တင်ပွဲကို အခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်” ဟု တောင်ကိုရီးယားသံ အမတ်ကြီး Mr. Lee Sang Hwa ကပြောသည်။

ဒလတံတားပန္နက်ရိုက်ပြီးလျှင် ချဉ်းကပ်လမ်းများ၊ ရေမြောင်းများကို ဦးစားပေးတည်ဆောက်သွားမည်ဖြစ်ပြီး တံတား တည်ဆောက်ချိန်တွင် အချင်းတစ်ပေခွဲရှိ ရေပိုက်လိုင်းနှစ်လိုင်းကို တံတား၏ ဘယ်ညာတွင် ထည့်သွင်း သွားမည်ဖြစ်ကာ စီမံကိန်းကာလ ၃နှစ်ကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားစီမံကိန်းသည် ယခင်အစိုးရလက်ထက်ကတည်းက သဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်း ညှိနှိုင်းမှု၊ ကန့်ကွက်မှုများကြောင့် ကြန့်ကြာမှုများရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly