ဆီးရီးယား ဖွဲ့စည်းပုံသစ် ရေးဆွဲနိုင်ရေး ရုရှ၊ အီရန်နဲ့ တူရကီတို့က ဆက်လက်လုပ်ဆောင်သွားဖို့ သံန္ဒိဌာန်ချ

ဆီးရီးယား ဖွဲ့စည်းပုံသစ် ရေးဆွဲနိုင်ရေး ရုရှ၊ အီရန်နဲ့ တူရကီတို့က ဆက်လက်လုပ်ဆောင်သွားဖို့ သံန္ဒိဌာန်ချ
Photo: EPA

ဂျနီဗာ၊ ဒီဇင်ဘာ ၁၉ ။     ။ အရှေ့အလယ်ပိုင်းဆိုင်ရာ အင်အားကြီးနိုင်ငံတွေဟာ ဆီးရီးယားမှာ ဖွဲ့စည်းပုံသစ်ရေးဆွဲနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ အင်္ဂါနေ့မှာ သဘောတူညီခဲ့ကြပါတယ်။

ရုရှ၊ အီရန်နဲ တူရကီနိုင်ငံတို့သာ ဆီးရီးယား ဖွဲ့စည်းပုံသစ် ရေးဆွဲရေးကို တာဝန်ယူ တာဝန်ခံမယ့် ကော်မတီတစ်ရပ်ကို လာမယ့်အစောပိုင်းမှာ ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတာ ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖန်ဒီမီစတူရာက ဧည့်ဝတ်ပြုပြီး ရုရှ၊ အီရန်နဲ့ တူရကီ သုံးနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ ဂျနီဗာမှာ တွေ့ဆုံခဲ့ကြတာပါ။  ဆီးရီးယား ဖွဲ့စည်းပုံကော်မတီ ဖွဲ့စည်းရေးအတွက် လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင််းအဖြစ်် ခုလို တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဂျနီဗာမှာ တွေ့ဆုံကြတဲ့ အဆိုပါ သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ချက်မှာ “ဆီးရီးယားမှာ တာရှည်ခိုင်မြဲတဲ့ နိုင်ငံရေး တိုးတက်မှု ဖြစ်ပေါ်လာရေးအတတွက် ကျွန်တော်တို့ ဆက်လက်ကြိုးစားဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။”လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly