မွမ်ဘိုင်းက ပြည်သူ့ဆေးရုံမှာ မီးလောင်တာကြောင့် လူ ရှစ်ဦး သေဆုံး

မွမ်ဘိုင်းက ပြည်သူ့ဆေးရုံမှာ မီးလောင်တာကြောင့် လူ ရှစ်ဦး သေဆုံး

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၈ ။             ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ပြည်သူ့ဆေးရုံမှာ မီးလောင်မှု ဖြစ်တာကြောင့် အနည်းဆုံး လူရှစ်ဦး အာဏာပိုင်တွေက အင်္ဂါနေ့မှာ အတည်ပြု ပြောပါတယ်။

ESIC ဆေးရုံမှာ တနင်္လင်္ာနေ့က မီးလောင်မှုဖြစ်ခဲ့ပြီးနောက်မှာ လူပေါင်း ၁၁၇ ဦးကို မြို့ရှိ ကျန််းမာရေးစင်တာအသီးသီးဆီ ခွဲပို့ခဲ့ရတယ်လို့ မွမ်ဘိုင်းသဘာဝဘေးစီမံခန့်ခွဲမှုဌာန ပြောခွင့်ရသူ ရာမက်ရှ်က အီးပီအေသတင်းကို ပြောပါတယ်။

လူဆယ်ဦးဟာ အခြေအနေ စိုးရိမ်ရပြီး လူနာ ၂၈ ဦးကတော့ ဆေးရုံက ဆင်းသွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင််းရင်းကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း မဟာရာရှထရာပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာက အင်္ဂါနေ့မှာ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

အောက်တိုဘာလအတွင်းကလည်း ကိုလ်ကတ္တားက ဆေးရုံမှာ ဆယ်နာရီကျော််ထက်မနည်း မီးလောင်မှုဖြစ်ပြီး လူနာပေါင်း ၂၅၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

မီးဘေးနဲ့ အဆောက်အအုံတွေ ပြိုကျမှုတွေဟာ ထိန်းသိမ်းမှုနည်းပါးတာ၊ စံချိန်စံညွှန်းမမှီတာတွေကြောင့် အိန္ဒိယနိုင်ငံမှာ အဖြစ်များလေ့ ရှိပါတယ်။ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နောက်ဆက်တွဲအနေနဲ့ ခုလို ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly