တူရကီကမ်းလွန်တွင် လှေမှောက်၍ ဆီးရီးယားဒုက္ခသည် ၁၇ယောက် ရေနစ်သေဆုံး

တူရကီကမ်းလွန်တွင် လှေမှောက်၍ ဆီးရီးယားဒုက္ခသည် ၁၇ယောက် ရေနစ်သေဆုံး

အန်ကာရာ၊ စက်တင်ဘာ-၂၈ ။                   ။ ဂရိကျွန်း လီရော့စ်သို့အသွား လမ်းခုလတ် တူရကီကမ်းလွန်တွင် လှေမှောက်သောကြောင့် ဆီးရီးယား ဒုက္ခသည် ၁၇ယောက် ရေနစ်သေဆုံးခဲ့ရသည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မူဂလာပြည်နယ်အုပ်ချုပ်ရေးမှူး အမီရာ စီစက်က နိုင်ငံပိုင် အနာဒိုလူး သတင်းအေဂျင်စီကို ပြောကြားရာတွင် တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့က ဆီးရီးယားဒုက္ခသည် ၂၀ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး တစ်စုံတစ်ယောက်မျှ ပျောက်ဆုံးခြင်းမရှိဟု ဆိုသည်။

ဆီးရီးယားဒုက္ခသည် ၃၇ယောက်မှာ ဘိုဒရမ်ကျွန်းဆွယ်ပေါ်ရှိ ဂူမျူစလက် အားလပ်ရက် အပန်းဖြေစခန်းမှ လှေပေါ်သို့ တက်လာခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းမှ ထွက်ခွာပြီးမကြာမီတွင် လှေနစ်မြှုပ်သွားခဲ့ခြင်းဖြစ် သည်ဟု  စီစက်က ပြောကြားသည်။ လှေနစ်မြှုပ်ရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေဆဲဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly