ဒီဇင်ဘာ ၁၆ ။ ။ ကမ္ဘာ့ အရှည်လျားဆုံး မြစ်တစ်စင်း ဖြစ်တဲ့ နိုင်းလ်မြစ်ရဲ့ ရေစီးဆင်းရာလမ်းကြောင်းများ သန့်ရှင်းရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းတစ်ရပ်ကို အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ဆောင်ရွက်ခဲ့ကြပါတယ်။
‘Very Nile’ လို့ အမည်ပေးထားတဲ့ ယင်းပရောဂျက်ကတော့ ငါးဖမ်းသမားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအကြား ပူးပေါင်းခြင်းကနေတဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာတွေ တိုးပွားစေဖို့လည်း ရည်ရွယ်ပါတယ်။
အဓိကအားဖြင့်တော့ နိုင်းလ်မြစ်ရဲ့ အဓိက ရေလမ်းကြောင်းရဲ့ ကမ်းပါးတွေမှာ စုပုံတင်ရှိနေတဲ့ အမှိုက်သရိုက်တွေကို စေတနာ့ဝန်ထမ်းတွေ စုပေါင်းပြီး သိမ်းဆည်းကောက်ယူရှင်းလင်းခဲ့ကြပါတယ်။