ဒီဇင်ဘာ ၁၆ ။ ။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ခရစ္စမတ် ရေယာဉ် သင်္ဘောများ စီတန်းသွားလာခုတ်မောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြည်နယ်တောင်ပိုင်း Fort Lauderdale မြို့မှာ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပတဲ့ ယင်းပွဲတော်ကိုတော့ လူပေါင်းထောင်နဲ့ချီ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါတယ်။
ယင်း ပွဲကတော့ ပြည်နယ်မှာ အကြီးဆုံးသော ခရစ္စမတ် သင်္ဘောများ စီတန်းခုတ်မောင်းပွွဲလည်း ဖြစ်ပါတယ်။
ပွဲတော်အတွင်း ပါဝင်ကြတဲ့ ရေယာဉ်သင်္ဘောတွေဟာတော့ Fort Lauderdale မြို့တွင်းက မြစ်ကြောင်းတစ်လျှောက် ခရစ္စမတ် မီးရောင်စုံ ထွန်းညှိပြီး လှပစွာ ခုတ်မောင်းသွားလာနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။