ဘာစီလိုနာအသင်းဆီကနေ ဘာလက်ဆောင်မှ မမျှော်လင့်တဲ့ ပိုချက်တီနို

ဘာစီလိုနာအသင်းဆီကနေ ဘာလက်ဆောင်မှ မမျှော်လင့်တဲ့ ပိုချက်တီနို
Photo: EPA

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက ဘာစီလိုနာအသင်းဟာ စပါးအသင်းကို ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ လွတ်လွတ်ကျွတ်ကျွတ် ဖြတ်သန်းခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်အုပ်စု (B)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် နူးကမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့က စပါးအသင်းဟာ ဘာစီလိုနာကို ၂-၄ ဂိုးရလဒ်နဲ့ ရှုံးထားပါတယ်။ အင်တာမီလန်ကတော့ PSV အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

အုပ်စုအတွင်းမှာ စပါးအသင်းက အင်တာမီလန်အသင်းနဲ့ ရမှတ်တူ ၇ မှတ်ရရှိနေတာကြောင့် လန်ဒန်ကလပ်အသင်းအနေနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ဘာစီလိုနာအသင်းကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။  

ပိုချက်တီနိုက “ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ ဘာစီလိုနာအသင်းက နောက်တစ်ဆင့် တက်ရောက်သွားပါပြီ။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဘယ်သူကမှ ဘာလက်ဆောင်မျိုးမှ ပေးသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အနိုင်ရဖို့ အလုပ်အပ်ပြီး နိုင်ပွဲနဲ့ထိုက်တန်မှဖြစ်မှာပါ။ အနိုင်ဖို့ စိတ်ဓာတ်ပိုင်းက ရာခိုင်နှုန်း ၂၀၀ လောက်အထိ ကြိုးစားသွားမှာပါ။

“ကျနော်တို့အသင်းက အကောင်းဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ဘာစီလိုနာအသင်းကလည်း ဥရောပရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်နေပါတယ်။”လို့ ဆိုပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာစီးတီး အိမ်ကွင်းမှာ ဆွန်ဟောင်မင်ရဲ့ အဖွင့်ဂိုးနဲ့ ဒယ်လီအလီရဲ့ ဒုတိယပိုင်း အနိုင်ဂိုးတွေနဲ့ ၂-၀ ဂိုးရလဒ်နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း (၂၈)ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ရယူထားတဲ့ အသင်းဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly