Secret Sunrise ဆိုတဲ့ နံနက်ခင်း ကခုန်ခြင်းနဲ့ နေ့သစ်ကို စတဲ့ လှုပ်ရှားမှု တောင်အာဖရိကမှာ ခေတ်စားလာ

Secret Sunrise ဆိုတဲ့ နံနက်ခင်း ကခုန်ခြင်းနဲ့ နေ့သစ်ကို စတဲ့ လှုပ်ရှားမှု တောင်အာဖရိကမှာ ခေတ်စားလာ

ကိတ်တောင်း၊ ဒီဇင်ဘာ ၅ ။            ။ တောင်အာဖရိကမှာ ခေတ်စားနေတဲ့ လှုပ်ရှားမှုတစ်ရပ်ကတော့ နံနက်ခင်း နေ့သစ်အစကို ကခုန်ခြင်းနဲ့ စတင်ကြတဲ့ Secret Sunrise ဆိုတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာတော့ လူတွေဟာ အိပ်ရာကထချိန် လျှို့ဝှက်နေရာတစ်ခုမှာ သူစိမ်းတွေ၊ မိတ်ဆွေတွေနဲ့အတူ အုပ်စုလိုက် ကခုန်ကြပြီး နေ့သစ်ကို လန်းဆန်းစွာ စတင်ကြတာပဲဖြစ်ပါတယ်။

ဒီလို နံနက်ခင်း ကခုန်မှုကို တောင်အာဖရိကမှာ လူကြိုက်များလာလျက် ရှိသလို လိုက်ပါလုပ်ဆောင်သူတွေလည်း မနည်းတော့ပါဘူး။

ဒီ လှုပ်ရှားမှုဟာ ဇမ်ဘီယာကနေ ပထမဆုံး စတင်လာခဲ့တာ ဖြစ်ပြီး အိပ်ရာက လူတွေ ထတာနဲ့ စုရပ် ကခုန်တဲ့နေရာဆီ လာရောက်ကခုန်ပြီး နေ့သစ်ကို ပျော်ရွှင်စွာနဲ့ လန်းဆန်းမှုတွေနဲ့အတူ စတင်နိုင်ဖို့ ရည်ရွယ်ပြီး ဖြစ်ပေါ်လာခဲ့တဲ့ လှုပ်ရှားမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

“ဒါဟာ အကပါတီပွဲပဲ။ အလုပ်မသွားမီ နံနက်ခင်း လမ်းလျှောက်တာထက် ပိုကောင်းတဲ့ ကခုန်ခြင်းပဲ။ တကယ်ကို အကောင်းဆုံးနံနက်ခင်းကို ရလိုက်တာပဲ။ အားလုံးကို ကျေးဇူး။”လို့ ဂျိုဟန်နစ်ဘတ်ချ်က Secret Sunrise ကခုန်ပွဲမှာ လိုက်ပါကခုန်ပြီး မြူးတူးနေတဲ့ သူတစ်ဦးက အင်စတာဂရမ်မှာ ပို့စ်တင်လိုက်ပါတယ်။

ဒီလို ကကြခုန်ကြဖို့ နံနက် အိပ်ရာကထစ လာရောက်သူတွေဟာ ဘယ်မှာ ၀ိုင်းဖွဲ့ပြီး ဒီကခုန်ပွဲကို လုပ်မလည်းဆိုတာ မသိရပါဘူး။ ပွဲစီစဉ်တွေက ပြောတော့မှ သိကြရပြီး စီစဉ်ထားတဲ့ နေရာမှာ အတူအားလုံး ကခုန်ကြတော့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly