ရန်ကုန်၊ နိုဝင်ဘာလ ၄ ။ ။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း တိုင်ကြားမှုအရ တစ်ပတ်အတွင်းဖော်ထုတ်ဖမ်းဆီးမှုအပါအဝင် ဒီဇင်ဘာလ ၁ ရက်နေ့အထိ အမှုပေါင်း ၄၁၈ မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၆၄၄ ဦးတို့အား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၆၅ဝ နီးပါးနှင့်အတူ ဘိန်းဖြူ ၅,၄၇၅ ဂရမ်ကျော်၊ ICE ၂၅ ဂရမ်ကျော်၊ ဘိန်း ၃၈,၅၆၉ ဂရမ်ကျော်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်ကျော်၊ ဘိန်းစာမှုန့် ၁၂,၂၆၃ ဂရမ်ကျော်၊ ဘိန်းစာရွက်ရ,၂၇၃ ဂရမ်ကျော်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စိတ်ကြွဆေးပြား ၁၈၄၉၂ဝ ပြား၊ ဆေးခြောက် ၃ရဝ၁ ဂရမ်ကျော်၊ ဘိန်းရည် ဝ ဒဿမ ၁ လီတာ၊ ဘိန်းဆီခဲ ၂၂၇ ဂရမ်ကျော်၊ ဘိန်းစေ့ ၆ဝ ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့် ၁ ဂရမ်ကျော်၊ သေနတ်မျိုးစုံ ၁၂ လက်၊ ကျည်မျိုးစုံ ၁၉၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့သည့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ပေးပို့တိုင်ကြားလာသော မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး၏ ညွန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပမာဏအား ထပ်မံဖော်ထုတ်ဖမ်း ဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသော သတင်းများအား စိစစ်ဖော်ထုတ် နေသည့်အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှလည်း သီးခြားရရှိသော မူးယစ်ဆေးဝါးသတင်းများအပေါ် စိစစ်ဖော် ထုတ်နေပြီး နယ်စပ်ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင်လည်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။