အမေရိကန်နယ်စပ်မှာ ရောက်နေတဲ့ ရွှေ့ပြောင်းလူအုပ်ကြီး ကိစ္စကို မက္ကဆီကို အစိုးရသစ် ဖြေရှင်းဖို့ စတင်ကြိုးပမ်း

03 December 2018
အမေရိကန်နယ်စပ်မှာ ရောက်နေတဲ့ ရွှေ့ပြောင်းလူအုပ်ကြီး ကိစ္စကို မက္ကဆီကို အစိုးရသစ် ဖြေရှင်းဖို့ စတင်ကြိုးပမ်း

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၃ ။          ။ သမ္မတသစ် အန်ဒရီမန်နျူရယ်လိုပက်ဇ်အိုဘရာဒို ဦးဆောင်တဲ့ မက္ကဆီကိုအစိုးရသစ်ဟာ အမေရိကန်နယ်စပ်က တီဟွာနာနယ်စပ်မြို့မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ တနင်္ဂနွေနေ့မှာ စတင်ကြိုးပမ်းလာပါတယ်။

အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ရရေး မျှော်လင့်ချက်နဲ ဗဟိုအမေရိကနိုင်ငံတွေက အရေအတွက် ၆၀၀၀ ကျော်ထက်မနည်းရှိနေတဲ့ ရွှေ့ပြောင်းသူစီးဝင်မှုကြီးဟာ မက္ကဆီကိုကို ဖြတ်ပြီး အမေရိကန်နယ်စပ်မှာ လွန်ခဲ့တဲ့ သီတင်းသုံးပတ်ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ သောင်တင်နေတဲ့ ဒီရွှေ့ပြောင်းဝင်ရောက်သူ ပြဿနာဟာ မက္ကဆီကိုမှာ အစိုးရ အပြောင်းအလဲဖြစ်ချိန် စပ်ကူးမတ်ကူးကာလမှာ ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး ခုဆိုရင် ဒီပြဿနာဟာ လိုပက်ဇ်အိုဘရာဒိုအစိုးရသစ်ရဲ့ ခေါင်းပေါ်ကို ရောက်ရှိလာတော့တာပဲ ဖြစ်ပါတယ်။

မက္ကဆီကို အာဏာပိုင်တွေရဲ့ အချက်အလက်တွေအရ အကြမ်းဖက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် မျှော်လင့်ချက်နဲ့ ခရီးရှည်ချီတက်ပြီး မက္ကဆီကိုနိုင်ငံအတွင်း ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီးမှာ လူ ၉၀၀၀ နီးပါး အရေအတွက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ထဲကမှာ ၇၀၀၀ ဟာ မက္ကဆီကာလီနဲ့ တီဟွာနာမြို့တွေမှာ ရောက်ရှိနေပြီး ကျန် ၂၀၀၀ နီးပါးက နို်င်ငံရဲ့ အခြားနေရာတွေမှာ ရှိနေတာဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly