ကမ္ဘာ့နိုင်ငံရေး တင်းမာမှုတွေကြား အာဂျင်တီးနားမှာ ကျင်းပတဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ခေါင်းဆောင်တွေ ရောက်ရှိလာ

ကမ္ဘာ့နိုင်ငံရေး တင်းမာမှုတွေကြား အာဂျင်တီးနားမှာ ကျင်းပတဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ခေါင်းဆောင်တွေ ရောက်ရှိလာ

ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၃၀ ။           ။ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေကြား အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်တဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံကို အာဂျင်တီးနားနိုင်ငံမှာ သောကြာနေ့မှာ စတင်ကျင်းပပြီဖြစ်ပါတယ်။

ဒီ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဗျူနိုအေရိစ်မြို့ဆီ ရောက်ရှိလို့ နေပါပြီ။

တရုတ်နဲ့ ဥရောပသမဂ္ဂလို အင်အားကြီးနို်င်ငံတွေနဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး တင်းမာမှုတွေ၊ ရုရှနဲ့ ယူကရိန်းကြားက ပေါက်ကွဲမတတ် သံတမန်တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အခု ဂျီ ၂၀ အစည်းအဝေးကို ကျင်းပလာတာလည်း ဖြစ်ပါတယ်။

ခု ညီလာခံမှာ ကုန်သွယ်ရေး စစ်ခင်းနေတဲ့ တရုတ်နဲ့ အမေရိကန်ကြား သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ထရမ့်တို့ တွေ့ဆုံတာကနေ သဘောတူညီချက် တစ်ရပ်ရပ် ပေါ်ပေါက်လာမလားဆိုပြီး မျှော်လင့်နေကြပါတယ်။

သမ္မတ ထရမ့်ဟာ နဂိုက ရုရှသမ္မတ ပူတင်နဲ့ ဂျီ ၂၀ ညီလာခံ ပြင်ပန်းမှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ယူကရိန်း သင်္ဘောတွေကို ရုရှက ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက်မှာတော့ တွေ့ဆုံမယ် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။

အခု ဂျီ ၂၀ ထိပ်သီးညီလာခံကို ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ ဂျီ ၂၀ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရတာဝန်ရှိသူတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့လည်း တက်ရောက်ကြဖို့အတွက် ကြာသပတေးနေ့ နှောင်းပိုင်းကတည်းက ဗျူနိုအေရိစ်ကို ရောက်ရှိလို့နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly