အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၉၀ နီးပါး ထောင်ဖောက်ထွက်ပြေး လွတ်မြောက်နေ

အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ၉၀ နီးပါး ထောင်ဖောက်ထွက်ပြေး လွတ်မြောက်နေ

နိုဝင်ဘာ ၃၀ ။             ။ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က အကျဉ်းထောင်တစ်ခုကနေ အကျဉ်းသားတွေ  ထောင်ဖောက်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်လို့ လက်ရှိမှာ ထောင်သား  ၈၇ ဦး ထွက်ပြေးလွတ်မြောက်နေလျက် ရှိတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

ယင်း အကျဉ်းသားတွေဟာ အကျဉ်းထောင် စည်းရိုးတွေကို ချိုးဖျက်ပြီး ထွက်ပြေးသွားကြတာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆူမာတြားကျွန်းပေါ်က ယင်းအကျဉ်းထောင်ကနေ မူလပထမမှာ အကျဉ်းသား ရာကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး ယင်းနောက် တစ်ချို့ကို ပြန်ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာတော့ ၈၇ ဦး လွတ်မြောက်နေဆဲဖြစ်ပါတယ်။

" စုစုပေါင်း အကျဉ်းသား ၁၁၃ ယောက်လွတ်သွားပါတယ်၊ ၂၆ ယောက်ကိုတော့ ပြန်ဖမ်းမိခဲ့ပါတယ်၊ နောက်ထပ် ၈၇ ယောက်ကို ကျွန်တော်တို့ လိုက်ရှာနေပါတယ်" လို့ အာချေး ပြည်နယ် ရဲမှူးချုပ် Rio S. Djambak က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly