အမေရိကန် အမျိုးသားခရစ္စမတ်သစ်ပင်ကို ထရမ့်နဲ့ မိသားစု မီးထွန်းညှိ

အမေရိကန် အမျိုးသားခရစ္စမတ်သစ်ပင်ကို ထရမ့်နဲ့ မိသားစု မီးထွန်းညှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၂၉ ။            ။ အိမ်ဖြူတော်တောင်ဖက်က သမ္မတ ပန်းဥယျာဉ် Ellipse မှာ ရှိနေတဲ့ အမျိုးသား ခရစ္စမတ်သစ်ပင်မှာ နှစ်စဉ်ကျင်းပမြဲ ဓလေ့ထုံးစံအတိုင်း မီးထွန်းညှိပွဲတော်ကို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မယ်လန်နီယာထရမ့်တို့က ဗုဒ္ဓဟူးနေ့မှာ မီးထွန်းညှိကာ ကျင်းပခဲ့ပါတယ်။

အမျိုးသားခရစ္စမတ်သစ်ပင် မီးထွန်းညှိတာကို ထရမ့်က ဇနီးဖြစ်သူ မယ်လန်နီယာကို ဂုဏ်ပြုပြီး ထွန်းညှိစေခဲ့ပါတယ်။

ထရမ့်ဟာ ဦးဆုံး အချိန်မှတ်ရေတွက်ပြီး တက်ရောက်လာကြသူတွေကလည်း လိုက်လံ အချိန်မှတ်ရေတွက်ကြပြီးနောက်မှာတော့ မယ်လန်နီယာက အမျိုးသားခရစ္စမတ်သစ်ပင်ရဲ့ မီးထွန်းညှိခလုတ်ကို ဆတ်ခနဲ နှိပ်လိုက်ရာမှာ အပြာနဲ့ အနီ မီးရောင်စုံတွေ ထိန်ညီးလင်းဖြာသွားပါတော့တယ်။

“အားလုံးပဲ မယ်ရီခရစ္စမတ်ပါ။”လို့ သမ္မတ ထရမ့်က ဟစ်အော်လိုက်ပါတယ်။ ဒီမတိုင်ခင်မှာ အမေရိကန်နိုင်ငံအတွင်း ပြီးခဲ့တဲ့ လတွေမှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ ဖျက်ဆီးမှုများတဲ့ တောမီး၊ ဖျက်အားပြင်းတဲ့ ဟာရီကိန်းနဲ့ ဆိုးဝါးတဲ့ ကံဆိုးမိုးမှောင် ကျမှုတွေကို ခါးစည်းခံခဲ့ရသူတွေအတွက် ရည်စူးတဲ့ စကားအနည်းအကျဉ်းကို ထရမ့်က ပြောဆိုခဲ့ပါသေးတယ်။

ကြီးမားတဲ့ အမျိုးသားခရစ္စမတ်သစ်ပင်ကြီး ပတ်လည်မှာတော့ သစ်ပင်ငယ်ပေါင်း ၅၆ ပင်ကို ထားရှိထားပါတယ်။ အမေရိကန်ရဲ့ ပြည်နယ် ၅၀ နဲ့ ပေါတိုရီကို အပါအဝင် ပိုင်နက်နယ်မြေတွေကို ကိုယ်စားပြုပြီး ကျောင်းသားကျောင်းသူလေးတွေကို ဒီသစ်ပင်ငယ် ၅၆ ပင်ကို ဒီဇိုင်းဆင် ထားရှိစေတာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့ဟာ ၂၁ ရာစုထဲမှာ ရောက်နေတာပါ။ လူတိုင်းကိုယ်စီဟာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိကြပါတယ်။ ဒီကို လာရောက်ကြဖို့လည်း ကျွန်မ မျှော်လင့်ပါတယ်။ အိမ်ဖြူတော်ဆိုတဲ့ ပြည်သူတွေရဲ့ အိမ်ကနေ အားလုံးကို ကြိုဆိုနေပါတယ်။”လို့ ဝိုင်းရံလာတဲ့ သတင်းထောက်တွေကို မယ်လန်နီယာထရမ့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly