မွန်အမျိုးသားပါတီ ၏ မူဝါဒ သဘောထား

မွန်အမျိုးသားပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၄ ။         ။ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မင်္ဂလာပါခင်ဗျား -

ချစ်ခင်လေးစားအပ်ပါသော မွန်တိုင်းရင်းသားများနှင့် မဲဆန္ဒရှင် ပြည်သူ အပေါင်းတို့ခင်ဗျား -

ကျွန်တော်ကတော့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမ ဖြစ်ပါတယ်။ လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအနေနဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်မှာ (၃၄) နေရာ၊ ကရင်ပြည်နယ်မဲဆန္ဒနယ်မှာ (၁၄) နေရာ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်မှ (၅) နေရာ စုစုပေါင်း (၅၃) နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မွန်အမျိုးသားပါတီရဲ့ နိုင်ငံရေးမူဝါဒ သဘောထားကတော့ -

၁။ ပြည်သူတစ်ရပ်လုံးဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိခံစားရန်။

၂။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် စည်းလုံးညီညွတ်ရေး တည်ဆောက်ရန်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည့်တံ့ရန်။

၄။ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်ပေါ်ထွန်းရန်။

၅။ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကူညီပံ့ပိုးဆာင်ရွက်သွားရန်။

၆။ ပြည်သူလူထုအား ဖိနိုပ်စက်သော မည့်သည့်အာဏာရှင်စနစ်မျိုးမဆို မည်သည့်အခါမျှ မပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်။

၇။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍ အသီးသီးတို့ကို အကောင်ထည်ဖော်ရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်သော ဆန္ဒတူညီမှုအပေါ် အခြေခံလျက် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားရန်တို့ ဖြစ်ပါတယ်။

အထက်ပါနိုင်ငံရေူ မူဝါဒသဘောထားများကို ဖော်ဆောင်နိုင်ရန် အတွက် မွန်အမျိုးသားပါတီအနေနဲ့ ကြွေးကြော်သံ (၃) ရပ်ချမှတ်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အဲဒါတွေကတော့

၁။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနိုင်ငံရေါ် အင်အားစုများ ဟန်ချက်ညီစွာ နိုင်ငံရေး ဆောင်ရွက်မှုများ လုပ်ဆောင်ရန်။

၂ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရန် (သို့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်ကို အာမခံသော စစ်မှန်သော မွန်ပြည်နယ်ပေါ်ထွန်းရန်တို့ ဖြစ်ပါတယ်။

ဒါကြောင့်မို့

" အမျိုးသားတန်းတူရေးကို ဖော်ဆောင်ဖို့ မွန်အမျိုးသားပါတီကို မဲပေးကြပါစို့"

"  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ မွန်အမျိုးသားပါတီကို မဲပေးကြပါစို့"

("ဟင်္သာအားမာန် မိုးယံဖောက်တက်ကြယ်ဖြူထက်သို့")၂

အားလုံးကို ကျေးဇူးတင်ပါတယ်။

မွန်အမျိုးသားပါတီ

 ၁။  ပါတီအမည်  -  မွန်အမျိုးသားပါတီ
 ၂။  ပါတီအမည်(English)  -  Mon National Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၆.၄.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးသက်လွင်၊ ဦးနိုင်စိုးမြင့်နှင့်(ခ) နိုင်တိုက်ပွန်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၃၀.၅.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၇.၆.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၀.၇.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၈)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးနိုင်ငွေသိန်း၊ ဒေါက်တာ မင်စိုးလင်း(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၈၁)၊ ရာဇာဓိရာဇ်လမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၉၈၀၇၇၇၇(ဦးနိုင်စိုးမြင့်)၊ ၀၅၇-၃၀၂၁၃ ၀၉-၄၉၈၀၁၅၈၁(ဦးနိုင်စံလှိုင်)၊ ၀၉၇၃၀၁၉၈၃၆  (ဦးနိုင်ငွေသိန်း)၊ ၀၉-၄၄၉၀၀၄၄၇၀။

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly