ဖမ်းဆီးထားသူနှစ်ဦးအနက် တစ်ဦးမှာ ဘန်ကောက်ဘုရားကျောင်း ဗုံးခွဲသူတရားခံအမှန်ဟု ထိုင်းရဲပြော

ဖမ်းဆီးထားသူနှစ်ဦးအနက် တစ်ဦးမှာ ဘန်ကောက်ဘုရားကျောင်း ဗုံးခွဲသူတရားခံအမှန်ဟု ထိုင်းရဲပြော

ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့ အီရာဝန်ဟိန္ဒိူဘုရားကျောင်း ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူနှစ်ဦးရှိရာ အဓိကဗုံးခွဲသည့် တရားခံမဟုတ်ကြောင်း ယခင်က ထုတ်ပြန်ထားသော်လည်း ယခုတွင် ထိုင်းရဲများက ဖမ်းမိထားသူနှစ်ဦးအနက် တစ်ဦးဖြစ်သူမှာ ဗုံးခွဲမှုလက်သည်တရားခံအမှန်ဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုသည်။

ဘုရားကျောင်းတွင် တီရှပ်အဝါရောင်ဝတ်ဆင်ကာ ကျောပိုးအိတ်ကို ဘုရားကျောင်းအတွင်း ထားရစ်ခဲ့သည့် စီစီတီဗီမြင်ကွင်းမှ သံသယရှိသူသည် ယခုဖမ်းမိထားသူမှ အဒမ်ကာရာဒတ်ဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အစောပိုင်းက ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၁၇ ရက်က ဖြစ်ပွားသည့် လူ ၂၀ သေဆုံးခဲ့သော ယင်းဗုံးခွဲမှုတရားခံသည့် ဖမ်းမိထားသူနှစ်ဦးမဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဘုရားကျောင်းအား ဗုံးခွဲခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းမသိရသေးပဲ ယင်းတိုက်ခိုက်မှုအတွက် ထိုင်းရဲတပ်ဖွဲ့က လူ ၁၇ ဦးကို ဝရမ်းထုတ်ထားသည်။

အဆိုပါ သံသယရှိသူများမျာ တရုတ်၊ ထိုင်း၊ တူရကီနှင့် ပါကစ္စတန်ပိတ်စ်ပို့များ ကိုင်ဆောင်သူများဖြစ်ကြပြီး ၎င်းတို့၏ မူရင်းနိုင်ငံသားကို မသိရှိရသေးဘဲ ကိုင်ဆောင်သည့် မှတ်တမ်းမှတ်ရာများကလည်း အတုပြုလုပ်ကိုင်ဆောင်ကြခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly