နာမည်ကျော်ဟစ်ဟော့ပ် အဆိုတော် ဒစ်ဒီကုမ်းသည် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လ အထိ အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိကာ ယခုနှစ်၏ ဝင်ငွေအကောင်းဆုံး ဟစ်ဟော့ပ်အဆိုတော် အဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြသည်။
ဒစ်ဒီကုမ်းသည် အနုပညာလုပ်ငန်း တစ်ခုတည်းမှ ဝင်ငွေရရှိခဲ့ခြင်း မဟုတ်ဘဲ ၎င်း၏ များပြား လှသော အောင်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ ရရှိခဲ့ကြောင်းနှင့် ၎င်း၏ Ciroc အမှတ်တံဆိပ် ဗော့ဒ်ကာအရက်သည် အမေရိကန် ပြည်ထောင်စုတွင် လူအကြိုက်များဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။
ဒစ်ဒီကုမ်းသည် ၎င်း၏ Sean John အဝတ်အထည် ကုမ္ပဏီ ၊ Aquahydrate အမှတ်တံဆိပ် ရေသန့်နှင့် ရုပ်မြင်သံကြား ကွန်ရက် Revolt တို့မှလည်း ဝင်ငွေများ ရရှိခဲ့သည်။
ဝင်ငွေအကောင်းဆုံး ဟစ်ဟော့ပ်အဆိုတော် စာရင်းတွင် ဂျေဇီးက ဝင်ငွေ ၅၆ သန်း ရရှိကာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ကနေဒါအဆိုတော် ဒရာခီကက ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၅ သန်းဖြင့် တတိယနေရာတွင် ရပ်တည်လျက် ရှိသည်။
ဒစ်ဒီကုမ်းသည် ၎င်း၏ နောက်ဆုံး တေးသီချင်းအယ်လ်ဘမ် Compton: A Soundtrack အယ်လ်ဘမ် သြဂုတ်လက ထွက်ရှိခဲ့ပြီးနောက် အောင်မြင်မှု ရရှိခဲ့သည့်အပြင် N. W.A biopic Straight Outta Compton တေးသီချင်းသည် တေးသီချင်းဇယားတွင် အောင်မြင်မှု ရရှိခဲ့ခြင်းကြောင့် လာမည့်နှစ် ဝင်ငွေအများဆုံး ရရှိသည့် ဟစ်ဟော့ပ်အဆိုတော် စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ဖွယ် ရှိသည်။