ရွှေ့ပြောင်းအခြေစိုက်သူများ အစုလိုက် အပြုံလိုက် ဝင်ရောက်လာခြင်းကြောင့် သြစတြီးယားနယ်စပ်တွင် ဂျာမနီက ယာယီထိန်းချုပ်မှုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ဒုက္ခသည်ရွှေ့ပြောင်းလာသူများအနေဖြင့် အိမ်ရှင်နိုင်ငံကို ရွေးချယ်ခွင့်မရှိကြောင်း၊ အီးယူနိုင်ငံများအနေဖြင့်လည်း ယင်းရွှေ့ပြောင်းသူများအရေးကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီး သောမတ်ဒီမတ်ဇိုင်းရီ ကပြောသည်။
ဂျာမနီနှင့် သြစတြီးယားနှစ်နိုင်ငံကြားပြေးဆွဲသည့် ရထားခရီးစဉ်များကိုလည်း ၁၂ နာရီ ဆိုင်းငံ့ထားသည်။
စက်တင်ဘာ ၁၁ ရက် တစ်ရက်တည်းတွင် မြူးနစ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်ပေါင်းမှာ ၁၃၀၀၀ ကျော်ထက်မနည်းရှိခဲ့ရာ ဂျာမနီအနေဖြင့် ၎င်းတို့အား လက်ခံနိုင်မှု ဘောင်အကန့်အသတ်ရှိကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောခဲ့သည်။
ယခုနှစ်အတွင်း ဂျာမနီသို့ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ရှစ်သိန်း ရောက်ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
Ref: BBC